စွန့်ပစ်ခွေးလေး(၁,၃၀၀)ကို ကယ်ဆယ်ပြီး ခွေးလေးတွေနဲ့ပဲအတူနေတဲ့ တရုတ်အမျိုးသမီး

youtube/South China Morning Post instagram/todayonline

လွန်ခဲ့တဲ့နှစ်၂၀တုန်းက Ms Wen Junhong ဆိုသူအမျိုးသမီးဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing လမ်းမပေါ်တွေမှာလျှောက်သွားနေတဲ့ အစွန့်ပစ်ခံခွေးတွေကို ကယ်တင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Ms Wen ဟာ ခွေးကောင်ရေ ၁၃၀၀ကို ထိန်းသိမ်းစောင့်ရှောက်နေရပြီဖြစ်ပြီး ခွေးကောင်ရေကလည်း တဖြည်းဖြည်းများလာနေတာဖြစ်ပါတယ်။

Ms Wen ဟာ သူမ ပထမဆုံးမွေးစားခဲ့တဲ့ ခွေးမလေးကိုတော့ Wenjing လို့အမည်ပေးထားပါတယ်။ အဲ့ဒီခွေးလေးကို ကယ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့လမ်းကြိုလမ်းကြားတွေမှာ သွားလာပြီး ခွေးသားဈေးကွက်ထဲရောက်ကုန်ကြတဲ့ ခွေးလေးတွေကိုသနားစိတ်ဝင်လာခဲ့တာပါ။ “ခွေးလေးတွေကိုစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။ ကျွန်မတို့တစ်ယောက်ချင်းစီဟာ လူတွေတင်မကဘူး။ ဒီကမ္ဘာမြေပေါ်မှာနေထိုင်တဲ့ တိရစ္ဆာန်တွေအားလုံးအပေါ်မှာလည်း လေးစားမှုရှိရမယ်။” လို့ သူမက ဆိုတာပါ။


တရုတ်ကွန်မြူနစ်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Mao Zedong လက်ထက်မှာဆိုရင် ခွေးမွေးခြင်းဟာ လူချမ်းသာတွေရဲ့အချိန်ကုန်နည်းလို့ဆိုပြီး ခွေးမွေးခြင်းကိုတားမြစ်ထားပါတယ်။ အဲ့ဒီကတည်းကစလို့ တိရစ္ဆာန်တွေအပေါ်မှာ တရုတ်လူမျိုးတွေထားတဲ့အမြင်ဟာ လုံးဝပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါ့ပြင် AnimalsAsia အရ တရုတ်နိုင်ငံမှာ လမ်းဘေးခွေးလေခွေးလွှင့်တွေအများကြီးဖြစ်နေပြီး တိရစ္ဆာန်အခွင့်အရေးကြည့်ရှုတဲ့အဖွဲ့လည်း မရှိသေးဘူးလို့သိရပါတယ်။

 

View this post on Instagram

 

A post shared by TODAY (@todayonline)

မြို့ပြနေခွေးတွေကိုတော့ ပိုးသတ်ထားတာနည်းပါးတဲ့အတွက် တိရစ္ဆာန်ကယ်ဆယ်ရေးစနစ် မလုံလောက်တာတွေဖြစ်နေပါတယ်။ Ms Wen ရဲ့အိမ်ရှေ့ခြံဝန်းထဲမှာတော့ တိရစ္ဆာန်လေးတွေဟာ အမြဲလိုလို စွန့်ပစ်ခံထားခဲ့ခံထားရကြောင်းလည်း သိရပြီး ခွေးလေးတွေကိုနေ့တိုင်းကယ်ဆယ်ရကြောင်းလည်း Ms Wen က straitstimes စာမျက်နှာမှာ ပြောပြသွားပါတယ်။

READ
ရေနစ်နေတဲ့ကြောင်လေးကို ခွေးလေးက ဆင်းကယ်ခဲ့တဲ့ ထူးထူးခြားခြား ဗီဒီယိုဖိုင်

ShweMom

SHARE