ပျင်းလို့ဆိုပြီး လင်မယားနှစ်ယောက်စလုံးကို ချစ်သူတော်ခဲ့တဲ့ အိမ်ထောင်သည် အမျိုးသမီး

Facebook- Emma Louise Fedigan

သူမနာမည်ကတော့ Emma Fedigan ပါ။ အသက် ၃၇ နှစ် ရှိနေပါပြီ။ အသက် ၂၁ နှစ်မှာပဲ Robert Fedigan နဲ့ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ကလေးလေး ၄ ယောင်တောင် ထွန်းကားနေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ Emma ဟာ pansexual ပါတဲ့။

Posted by Emma Louise Fedigan on Friday, July 17, 2020

Pansexual ဆိုတာ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်ဖြစ်၊ လိင်တူဖြစ်ဖြစ်၊ ဘယ်လိုအသက်အရွယ်၊ လူမျိုးဘာသာမရွေး ချစ်ကြိုက်တတ်သူကို ဆိုလိုတာပါ။ ချစ်ခြင်းမေတ္တာတရားမှာ စည်းဘောင်တွေ မထားရှိတဲ့လူမျိုးပေါ့။

ဒါကို အိမ်ထောင်သက် ၁၆ နှစ်ရှိနေပြီဖြစ်တဲ့ ခင်ပွန်းသသည်ကလည်း နားလက်က်ခံပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သား ၄ ယောက်ဟာလည်း အသက်အရွယ်သိပ်မကွာဘဲ မွေးလာခဲ့တဲ့အတွက်ကြောင့် ကလေးကိစ္စတွေနဲ့ လုံးလည်ချာလည်လိုက်ရင်း Emma ဟာ ဘဝရဲ့အနှစ်သာရကို သူတောင့်တသလို မခံစားနိုင်ခဲ့ရှာပါဘူး။

Posted by Emma Louise Fedigan on Monday, August 3, 2020

ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး Emma ဟာ စိတ်ကိုဒုံးဒုံးချပြီး ခင်ပွန်းသည်နဲ့နားလည်မှုရယူကာ ငြီးငွေ့ဖွယ်ကောင်းတဲ့ သူမရဲ့ဘဝကြီးကို အပြောင်းအလဲလေးတွေဖြစ်အောင် စတင်လုပ်ခဲ့ပါတော့တယ်။ အဲဒါကတော့ ရည်းစားထားတာပါ။ ရည်းတောင် တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်။ အဲဒီနှစ်ယောက်တေင်မှပဲ လင်မယားနှစ်ယောက်ကို ပြိုင်တူထားခဲ့တာပါတဲ့လေ။ Simon Berry နဲ့ သူ့ရဲ့ဇနီးသည် Kelly တို့ကို Emma ဟာ ချစ်သူတော်လာခဲ့တာပါ။

READ
ထမ့်လုံလိုဏ်ဂူထဲ ပိတ်မိနေတဲ့တောဝက်အသင်းသားတွေ အကုန်လွတ်မြောက်ပြီ

https://www.facebook.com/photo.php?fbid=10158647077135030&set=pb.616350029.-2207520000..&type=3

စစချင်း Emma ဟာ Kelly နဲ့ စတင်ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ခင်ပွန်းသည်နှစ်ယောက်ကတော့ အစပိုင်းမှာ သိပ်ရင်းနှီးခဲ့ခြင်းမရှိပေမယ့်လို့ သိပ်မကြာခင်မှာပဲ Emma ဟာ Simon နဲ့လည်း ချစ်ျွမ်းဝင်သွားခဲ့ပါတယ်တဲ့။ အခုအချိန်မှာတော့ Emma ဟာ သူ့ရဲ့တရားဝင်ခင်ပွန်းနဲ့လည်း ပေါင်းနေသေးပေမယ့်လို့ ဘဝရဲ့အရင်းနှီးဆုံးမိတ်ဆွေလိုမျိုးကတော့ ပိုများပါတယ်တဲ့။

Emma တစ်ယောက် News. AU ကို ပြောခဲ့တဲ့ စကားလေးကတော့ “အချစ်ဆိုတာ အဆုံးမရှိပါဘူး။ နောက် တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူးလေ” တဲ့။

Facebook- Emma Louise Fedigan

Posted by Emma Louise Fedigan on Monday, August 3, 2020

penny

SHARE