ကလေးကို မိခင်ဆီကနေ နေ့ခင်းကြောင်တောင်ကြီး လုယက်ဖို့ ကြိုးစားခဲ့သူများ

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ဟာ ပြီးခဲ့နှစ်တစ်ခုတည်းမှာပင် ဆိုင်ကယ်စီးသမားတွေ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး အလွန်သက်ရောက်မှုရှိတဲ့ လန်ဒန်လိုနေရာမျိုးမှာ ဒီလို ရာဇဝတ်မှုတွေ ဖြစ်နေခြင်းဟာ မြို့ခံလူတွေအတွက်တော့ အတော်လေး စိုးရိမ်စရာပါ။

The Sun

အုပ်စုဖွဲ့ဆိုင်ကယ်စီးဂိုဏ်းတွေဟာ ပစ္စည်းလုယက်ခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်း၊ တစ်ခါတရံမှာ လူသေသည်အထိ ပြုမူခြင်းတွေ ရှိခဲ့ပြီး၊ တစ်ခါတရံမှာတော့ လမ်းဘေးမှာရပ်ထားတဲ့ ကားတွေနဲ့၊ ဆိုင်ခန်းတွေကို အကြောင်းမဲ့ဖျက်ဆီးတာတွေကအစ လက်ရဲဇက်ရဲပြုလုပ်နေကြလို့ လန်ဒန်အခြေစိုက်ရဲတပ်ဖွဲ့တွေလည်း ဒီကိစ္စအတွက် ခေါင်းကိုက်နေကြပါတယ်။

The Sun

အခုလည်း နာမည်ကျော် တီဗွီအစီအစဉ်တင်ဆက်သူဖြစ်တဲ့ Amanda Holden ကိုယ်တိုင် ပြန်လည်မျှဝေထားတဲ့ ဗွီဒီယိုဖိုင်လေးမှာ ဆိုင်ကယ်စီးရာဇဝတ်သမားတွေဟာ ဘယ်လောက်အထိ အတင့်ရဲနေပြိဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။ ဆိုင်ကယ်နှစ်စီး၊ လူလေးဦးပါ ရာဇဝတ်ဂိုဏ်းအဖွဲ့တစ်ခုဟာ လမ်းစုံတစ်ခုကနေ လုယက်မှု ကျူးလွန်ဖို့ စောင့်ဆိုင်းနေတာကို ဗွီဒီယို ရှေ့ပိုင်းမှာ တွေ့ရမှာပါ။

The Sun

ယင်းနောက် မကြာမီမှာပဲ အဲဒီဂိုဏ်းအဖွဲ့ဟာ (၃)နှစ်အရွယ် သမီးငယ်နဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတို့ကို မြင်လိုက်ပြီး ချက်ချင်း သားကောင်အဖြစ် သတ်မှတ်လိုက်ပါတယ်။ လူနှစ်ယောက်က အဆိုပါအမျိုးသမီး လမ်းလျှောက်နေတဲ့ဆီကို ခပ်သုတ်သုတ်ချဉ်းကပ်သွားတာကို တွေ့ရပါတယ်။

READ
ကားကိုချောက်ထဲမောင်းချပြီး အမြွှာညီမကို သတ်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အမျိုးသမီး
The Sun

၎င်းနောက်မှာတော့ ကလေးကိုလည်း ဖမ်းဆီးဖို့ ကြိုးစားသလို၊ မိခင်ဆီကနေလည်း လုယက်ဖို့ကြိုစားခဲ့ပါတယ်။ ဒါကို လမ်းဘေးမှာတပ်ဆင်ထားတဲ့ CCTV က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမျိုးသမီးဟာ အလွန်ထိတ်လန့် ကြောက်ရွံ့နေပြီး၊ နောက်ဆုံးမှာတော့ ကလေးကို အတင်းလုယူကာ အသံကုန်အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပါတယ်။

The Sun

ဒီလိုနဲ့ ကားနဲ့ဖြတ်သန်းဖြတ်လာ အမျိုးသားတွေကလည်း ရရာလက်နက်စွဲကိုင်ပြီး ရာဇဝတ်သမားတွေနောက်ကို လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မမီတော့ပါဘူး။ အဲဒီအနီးအနားမှာနေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက The Sun သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” ကျွန်မကလေး … ကျွန်မကလေးကို ခေါ်မသွားနဲ့လို့ အမျိုးသမီးတစ်ယောက်ရဲ့ အော်သံကို ကောင်းကောင်း ကြားခဲ့ရတယ် “လို့ ပြောပါတယ်။

သူမက ဆက်လက်ပြီး ” တကယ်လက်တွေ့မှာ သူမ ဘယ်လောက်အထိ ကြောက်နေမလဲဆိုတာ CCTV ထဲမှာ ပြန်ကြည့်ရတဲ့အခါ ကိုယ်ချင်းစာမိပါတယ် … ကျူးလွန်သူတွေက ဒီအနီးအနားက ဖြစ်ရမယ် … အကြောင်းကတော့ သူတို့တစ်တွေဟာ တစ်ဖက်ပိတ်လမ်းထဲကို မောင်းသွားပြီး ပျောက်ချင်းမလှပျောက်သွားတာလေ … အဲဒီလမ်းက ကားတွေ ဝင်လို့မရဘူး … အဆုံးမှာ ပိတ်ထားတဲ့လမ်း “လို့ ပြောပါတယ်။

READ
လက်သန့်ဆေးရည်တွေ သောက်ပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ CDC သတိပေး

သတင်းကြေညာသူ Amanda (၄၇)နှစ်က ” ဒါက ဇွန်(၂၁)ရက်၊ (၁၂.၃၅)နာရီ နေ့ခင်းကြောင်တောင် အချိန်ကြီးမှာ Sandpits Road Tw10 လမ်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးပါ … ကလေးနဲ့ မိခင်ကို တိုက်ခိုက်ဖို့ ကြိုစားခဲ့မှုပါ … အနီးအနားလူတွေ ရှိနေလို့သာ သက်သာရရသွားပါတယ် … ဒီလူတွေကို ရှင်တို့ သိတယ်ဆိုရင် ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားပြီး သတင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် “လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေသားထားပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE