တိုက်ခန်းတစ်ခုရဲ့ ပြတင်းက ခြောက်ခြားဖွယ် တစ္ဆေလေးတစ်ကောင်ရဲ့ မျက်နှာ

ကလေးမိခင် တစ်ယောက်ဟာ လွန်ခဲ့တဲ့(၅)နှစ်ခန့်က သူမကြုံတွေ့ခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ် အကြောင်းကို အခုလို ဖွင့်ပြောပြခဲ့ပါတယ်။ သူမနာမည်ကတော့  အီလိန်းပါ။ အီလိန်းဟာ ၄င်းနေအိမ်တိုက်ခန်းမှာ လွန်ခဲ့တဲ့(၅)နှစ်တုန်းက သမီးဖြစ်သူ ဟေလီနဲ့ အတူ နေထိုင်ခဲ့ပါတယ်။ ထိုအချိန်တုန်းက ဟေလီဟာ (၃)နှစ်သမီးအရွယ်ပါ။

FORTITUDE PRESS

၎င်းအိမ်မှာနေစဉ်က ဟေလီဟာ သူမမှာ သူမနဲ့အမြဲအတူ ဆော့တဲ့ သူငယ်ချင်းတစ်ယောက်ရှိကြောင်း၊ နာမည်က ဂျွန်နီလို့ခေါ်ကြောင်း စသဖြင့် မိခင်ကို ပြောပြဖူးပါတယ်။ ဒါပေမယ့် အီလိန်းက ဂျွန်နီိကို မျက်မြင် မတွေ့ရတာကြောင့် ဂျွန်နီဟာ သမီးဖြစ်သူရဲ့ စိတ်ကူးယဉ် သူငယ်ချင်းအနေနဲ့သာ ယူဆခဲ့ပါတယ်။ ဒါ့အပြင် အီလိန်းဟာ ၄င်းတိုက်ခန်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေနဲ့လည်း ကြုံတွေ့ခဲ့ပါသေးတယ်။ မီးတွေက တစ်ခါတစ်လေ အဖွင့်အပိတ်ဖြစ်နေတာအပြင် ပရိဘောဂပစ္စည်းတွေဟာလည်း အလိုအလျောက်ရွေ့နေတာကို ကြုံခဲ့ရပါတယ်။

READ
ဇာတ်ကားရိုက်ရင်းအပြင်မှာပါ အဖြစ်ဆိုးတွေကြုံခဲ့ရတဲ့ ဟောလိဝုဒ်ရဲ့ကျိန်စာသင့်သရဲကားများ
FORTITUDE PRESS

ထို့နောက်မှာတော့ အီလိန်းဟာ Google Map ကနေ သူတို့နေထိုင်ရာ လန်ကာရှိုင်းယားတောင်ဘက်က နေအိမ်ကို ရှာကြည့်တဲ့အခါမှာတော့ Map ကပြနေတဲ့ ဓာတ်ပုံထဲမှာ မမျှော်လင့်တာ သွားမြင်ခဲ့ပါတယ်။ သူတို့အိမ်ပြတင်းပေါက်နားမှာ ကောင်လေးတစ်ယောက်ရဲ့  မျက်နှာကို တွေ့လိုက်ရတာပါ။ သမီးဖြစ်သူက သူ့မှာ ဂျွန်နီလို့ခေါ်တဲ့ သူငယ်ချင်းကောင်လေးရှိနေတာကို သူမကို ပြောဖူးတာကြောင့် အီလိန်းအနေနဲ့ တော်တော်ကြီး စိတ်ခြောက်ခြားသွားခဲ့ပြီး အိမ်ပြောင်းခဲ့ပါတော့တယ်။

FORTITUDE PRESS

အီလိန်းက “အဲ့ဒီကောင်လေးနာမည်က ဂျွန်နီတဲ့ သမီးက ပြောတာပဲ။ သူက သမီးလေးနဲ့အတူ အိပ်ရာပေါ်မှာ အတူခုန်ပြီး ဆော့ကြတယ်တဲ့။ သမီးက အိမ်ထဲမှာ ဂျွန်နီနဲ့ နောက်ထပ် လူတစ်ယောက်ရှိသေးတယ်လဲ ပြောတယ်။ ကျွန်မလည်း သမီးပြောတာတွေ ကြားတုန်းက မဖြစ်နိုင်ဘူးထင်တာပေါ့။ နောက်ပိုင်း မြေပုံလဲရှာကြည့်ရော ပြတင်းပေါက်နားမှာ လူမျက်နှာလိုလို တွေ့ရပြီးကတည်းက တော်တော်လေး လန့်သွားတာ။” လို့ဆိုပါတယ်။

READ
မကောင်းဆိုးဝါးပြုစားတဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့ စိတ်ပညာရှင်

ဒါ့အပြင် အီလိန်းဟာ သမီးဖြစ်သူရဲ့အရုပ်တွေဟာ တစ်ခါတစ်လေ အိပ်ခန်းထဲကနေ ဧည့်ခန်းဆီကို ရောက်နေတာမျိုးတွေ၊ တံခါးနားမှာ အရိပ်တွေ တွေ့တာမျိုးတွေ၊ အောက်သိုးသိုးအနံ့ရတာမျိုးတွေလည်း ကြုံရကြောင်းပြောပြပါတယ်။

FORTITUDE PRESS

သူမက “သမီးလေးက ငယ်သေးလို့ ဒါမျိုးတွေ မြင်ရတာနဲ့ တူပါတယ်။ ကလေးက အရိပ်တွေ့လိုက်တယ်၊ ဒါမှမဟုတ်လဲ သူ့နာမည်ကို တစ်ယောက်ယောက်ခေါ်နေတယ် အဲ့ဒီလို ပြောတယ်။ ဒါပေမယ့် တကယ်ကြည့်လိုက်တော့လည်း ဘာမှမရှိဘူး။ ကျွန်မကတော့ အခုလို တစ္ဆေခြောက်တဲ့ ကိစ္စတွေကို ကလေးတွေက ပိုခံစားသိရှိနိုင်တယ်လို့ ယူဆပါတယ်။ တစ္ဆေတွေက ကျွန်မတို့ကို အန္တရာယ်မပေးသရွေ့ ပြဿနာကြီးတစ်ခုလို့ကတော့ ကျွန်မမမြင်ပါဘူး။” လို့အီလိန်းက ဆိုပါသေးတယ်။

FORTITUDE PRESS

လင်းလင်း (ShweMom)

Ref: Sun

SHARE