မိခင်ဖြစ်သူမှမွေးကင်းစကလေးကို မကောင်းဆိုးဝါးမှဖန်တီးသည်ဆိုကာ မျက်နှာကိုဓားနဲ့ထိုး

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်မှာ လူမဆန်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကလေးအမေက သူမရဲ့ ၈ရက်သားအရွယ်ရှိတဲ့ သားလေးနဲ့ကလေးရဲ့အဖေကို ဓားနဲ့ ထိုးခဲ့တဲ့ သတင်းကို The Sun သတင်းကနေကောက်နှုတ်တင်ပြလိုက်ပါတယ်။ ကျူးလွန်သူအမျိုးသမီးနာမည်က Tanishia Fielder ပါ။ သူမကိုရဲအဖွဲ့က သောကြာနေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ ဆိုးရွားစွာ တိုက်ခိုက်မှု၊ အကြမ်းဖက်ခြိမ်းခြောက်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ အသက်၃၂နှစ်အရွယ်ရှိတဲ့ ကျူးလွန်သူအမျိုးသမီးက ကလေးငယ်ရဲ့ မျက်လုံးနားကို ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့ အခြေအနေနဲ့ ကလေးဖခင်ရဲ့အခြေအနေကိုတော့ အခုထိမသိရသေးပါဘူး။

ကျူးလွန်သူ အသက်၃၂အရွယ်ရှိ Tanisha Fielder

Tanisha Fielder တိုက်ခန်းများနောက်မှ အမှိုက်ပုံးအောက်ထဲမှာ ၀ှက်ထားသော ဓားကိုတော့ရဲတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ကလေးနဲ့ကလေးအဖေကို ကူညီဖို့ကြိုးစားခဲ့တဲ့ မျက်မြင်သက်သေတွေအဆိုအရ ထိုအမျိုးသမီးက သူတို့ကိုမောင်းမထုတ်ခင် အမှိုက်ပုံးအောက်မှာတွေ့ရတဲ့ဓားနဲ့ တူတဲ့ဓားမျိုးကိုင်ဆောင်ထားတယ်လို့ဆိုပါတယ်။

သူမပြောခဲ့တာကတော့ဘုရားကသူမကိုပြောပါတယ်။ ကလေးကိုသူမသတ်ဖို့လိုပါတယ်တဲ့။ အပိုင်းပိုင်းဖြစ်အောင်ဖြတ်တောက်ပြီး အမှိုက်ပုံးထဲ ပစ်ဖို့ပါလို့ပြောသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးကမကောင်းဆိုးဝါးဖြစ်ပါတယ်တဲ့။ကလေးအဖေဖြစ်သူ Darwin Hanner ကတော့ရဲအဖွဲ့ကိုအခင်းမဖြစ်မီ အစောပိုင်းက သူတို့စကားများထားကြတယ်လို့ပြောခဲ့ပါတယ်။

READ
ကိုယ်ရေးကိုယ်တာ မက်ဆေ့ကို လိုင်းပေါ်အတင်ခံရလို့ အဆုံးစီရင်ခဲ့တဲ့ ကောင်လေး

 လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE