ခင်ပွန်းသည်ခြေရှုပ်တာကြောင့် သမီးလေးနဲ့အတူတိုက်ပေါ်ကခုန်ချဖို့ကြံတဲ့ အမျိုးသမီး

စိုးရိမ်ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ဦးဟာ လင်ယောင်္ကျားဖြစ်သူက သူမအပေါ်ကို လိမ်ညာနေတာသိရှိပြီးနောက်ပိုင်း သမီးငယ်လေးနဲ့အတူ တိုက်ပေါ်ကခုန်ချဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ The Mirror သတင်းကနေ သိရပါတယ်။ ကလေးမလေးက ကယောင်ခြောက်ခြားနဲ့ ငိုယိုနေပြီး သူခုန်မချချင်ဘူးလို့ အမေဖြစ်သူကို ပြောခဲ့ပါတယ်။

Photo Credit: The Mirror

အမျိုးသမီးနဲ့ ကလေးမလေးဟာ အထပ်မြင့်တိုက်ရဲ့ အပြင်ဘက်က အဲယားကွန်းယူနစ်ပေါ်မှာ ကတ်သီးကတ်သတ်ရပ်နေခဲ့တာပါ။ ပွေရှုပ်တဲ့သူမယောင်္ကျားကတော့ ရဲတပ်ဖွဲ့နဲ့ မီးသတ်သမားတွေကို သူ့မိသားစုကိုကယ်ပေးဖို့ တောင်းပန်နေပါတယ်။

Photo Credit: The Mirror

Shanghaiist ကရတဲ့သတင်းအရ အမျိုးသမီးရဲ့ သနားစရာကောင်းတဲ့အသံကို လေထဲကနေ ပီပီသသကြားရပါတယ်တဲ့။ တဲတဲလေးရှိနေတဲ့ အဲယားကွန်းယူနစ်နားကနေ ယောင်္ကျားဖြစ်သူကိုပြောနေတာပါ။ သူမက သူ့ယောင်္ကျားကိုဘာကြောင့်အိမ်မှာမရှိရတာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး မိသားစုကိုလျစ်လျူရှုကာ မယားငယ်နဲ့ နေထိုင်နေတယ်လို့ စွပ်စွဲခဲ့တာပါ။

Photo Credit: The Mirror

သူမက အခုလို အော်ပြောခဲ့တာပါ။ “ကျွန်မလိုချင်တာ ရှင့်မှာရှိလို့လား၊ ရှင်က ပိုက်ဆံလိုချင်တယ်…ပိုက်ဆံမရှိဘူး၊ ကားလိုချင်တယ်….ကားမရှိဘူး၊ အိမ်လိုချင်တယ်…အိမ်မရှိဘူး။ ကျွန်မကိုရှင်ဘာမှမပေးနိုင်ဘူး။ ကျွန်မရှင့်ဆီက လိုချင်ခဲ့တာတစ်ခုထဲက ကလေးနဲ့ ပျော်ရွှင်တဲ့မိသားစုဘ၀လေးပေးဖို့ပါ..”

READ
ပင်လယ်ထဲက ခုန်ထွက်လာတဲ့တောဝက်ကို လက်ဗလာနဲ့ဖမ်းဆီးခဲ့တဲ့ ဂျပန်တံငါသည်ကြီး

ဒီပြဇာတ်ဆန်ဆန်ဇာတ်လမ်းက မယုံကြည်နိုင်လောက်အောင်ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက အနီးနားက ပြတင်းပေါက်ကနေ ခုန်ဝင်လာပြီး သားအမိ၂ယောက်ကို အိမ်ထဲ ပြန်သွင်းပေးခဲ့တယ်လို့သိရပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE