အခုအချိန်မှာဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီးကအစိုးရတွေဟာ လူတွေကို အိမ်မှာပဲ နေစေဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ပန်းခြံတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံနဲ့ ပြဇာတ်ရုံတွေ အပါအဝင် တခြား လူတွေ ဝင်ထွက်သွားလာနေတဲ့ ကားဂိတ်၊ လေဆိပ်၊ ဘူတာရုံတို့မှာလည်း အသွားအလာတွေ ပိတ်ဆို့ထားပါတယ်။ ကမ္ဘာအနှံ့က လူတွေဟာ အခုအချိန်မှာဆိုရင် အိမ်မှာပဲအချိန်ကုန်ဆုံးရင်း နေထိုင်နေကြပါတယ်။ ဒီလိုအိမ်မှာနေရင်းနဲ့ပဲ ကမ္ဘာကျော်ပြတိုက်တွေဆီကို အင်တာနက်ရှိရုံနဲ့ အလည်သွားလို့ရမယ့် နေရာတွေပါ။
Google ရဲ့ Arts & Culture က ကမ္ဘာကျာ်ပြတိုက်တွေထဲမှာ ရှိတဲ့ အနုပညာလက်ရာတွေကို တကယ့်အပြင်မှာ သွားကြည့်တဲ့ ခံစားချက်မျိုးရအောင် အတတ်နိုင်ဆုံး ဖန်တီးပေးထားပါတယ်။ ဒီ Project အတွက် Google ကုမ္ပဏီအနေနဲ့ လည်း ကမ္ဘာပေါ်က ပြတိုက်ပေါင်း ၂,၅၀၀ ကျော်နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ Google ရဲ့ Arts & Culture ကို မိုဘိုင်းဖုန်းနဲ့ အသုံးပြုလို့ မရသေးပဲ ကွန်ပျူတာ (သို့) လက်ပ်တော့ ရှိမှသာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
ဘယ်ပြတိုက်တွေကို သွားကြည့်လို့ရမလဲဆိုတော့ –

လန်ဒန်မြို့လည်ခေါင်မှာ ရှိတဲ့ ဗြိတိန်ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ဗြိတိန်နိုင်ငံက အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းပြထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးခေတ်က Rosetta Stoneတွေကိုလည်း ပြသထားပါတယ်။ အီဂျစ်တို့ရဲ့ မံမီတွေကိုလည်း ကြည့်ခွင့်ရမှာပါ။
– Guggenheim Museum (နယူးယောက်)

New York မှာ ရှိတဲ့ နာမည်ကျော်ပြတိုက်ပါ။ ဒီထဲမှာတော့ ရှေးခေတ်က ပန်းချီလက်ရာတွေ အစား ခေတ်ပြိုင်အနုပညာလက်ရာတွေကိုပဲ အများဆုံးတွေ့နိုင်မှာပါ။ Impressionist ပန်းချီကားတွေ Post-Impressionist ပန်းချီလက်ရာတွေကို စုစည်းပြသထားရာ နေရာလည်းဖြစ်ပါတယ်။
– National Gallery of Art (ဝါရှင်တန်ဒီစီ)

အမေရိကန်မှာ နာမည်ကျော်ကြားတဲ့ပြတိုက်ြဖစ်ပါတယ်။ Google ကနေ ကြည့်လို့ရမယ့် ပြပွဲနှစ်ပွဲရှိပြီး တစ်ခုကတော့ ၁၇၄၀ ကနေ ၁၈၉၅ အထိ အမေရိကန်ဝတ်စားဆင်ယဉ်ပုံတွေကို ပြသထားတဲ့ ပြပွဲဖြစ်ပါတယ်။ အဆိုပါပြပွဲထဲမှာတော့ ကိုလိုနီခေတ်နဲ့ အရေးတော်ပုံခေတ်ကာလက လူတွေရဲ့ ဝတ်စားဆင်ယဉ်ပုံကို မြင်တွေ့ရမှာပါ။ ဒုတိယပြပွဲကတော့ ဒက်ခ်ျပန်းချီဆရာ ဗားမီးယားရဲ့ အနုပညာလက်ရာစုစည်းမှုပါ။

အနုပညာမြို့တော်လို့ တင်စားကြတဲ့ ပါရီမြို့က ပြတိုက်ကြီးတစ်ခုပါ။ ပြင်သစ်အနုပညာရှင်များရဲ့ လက်ရာအများစုကို တစ်စုတစ်စည်းတည်းတွေ့နိုင်တဲ့နေရာဖြစ်ပြီး ဗင့်ဆင့်ဗန်ဂိုးအပါအဝင် Monet၊ Cézanne ၊ Gauguin လက်ရာတွေကို Google ကနေ တစ်ဆင့် မြင်တွေ့ရမှာပါ။
-National Museum of Modern and Contemporary Art (ဆိုးလ်)

တောင်ကိုရီးယားက အမျိုးသားပြတိုက်တစ်ခုပါ။ တစ်ကမ္ဘာလုံး အင်တာနက်ကနေတစ်ဆင့် ကြည့်ရှု့လို့ရအောင် စီစဉ်ထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ခေတ်ပြိုင်အနုပညာလက်ရာတွေကို ခင်းကျင်းပြသထားပါတယ်။

ဂျာမနီနိုင်ငံမှာ ရှိတဲ့ အနုပညာပြတိုက်တွေထဲက အကြီးဆုံးတစ်ခုပါ။ ရှေးခေတ်က အနုပညာလက်ရာကို အသားပေးပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ လူကိုယ်တိုင်သွားစရာမလိုဘဲ အင်တာနက်ကနေ တစ်ဆင့် လည်ပတ်သွားလာလို့ရတဲ့ နေရာတစ်ခုပါ။

ဗင်းဆင့်ရဲ့ ပြတိုက်ပါ။ ဒီထဲမှာတော့ ပန်းချီအကျော်အမော်ဗင်းဆင့်ဗန်ဂိုးရဲ့ လက်ရာတွေကို တစ်ဝကြီးကြည့်ရှု့လို့ရမှာပါ။ ဒါ့အပြင် ဗန်ဂိုးရဲ့ လက်ရာတွေကိုလည်း အသေးစိတ်အထိ ကြည့်လို့ရအောင် စီစဉ်ထားပါတယ်။ ဗန်ဂိုးရဲ့ ပန်းချီကားပေါင်း ၂၀၀ ကျော်၊ ပုံကြမ်းပေါင်း ၅၀၀ ကျော်နဲ့ သူ ရေးခဲ့စာ အစောင်ရေ ၇၅၀ တို့ကိုလည်း ခင်းကျင်းထားတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။
Ye Yint Kyaw