ယောက်ျားတစ်ယောက် နားလည်ရန်လိုအပ်တဲ့ ကျင့်ဝတ်များ

အမျိုးသားတွေ နားလည်ထားသင့်တာတွေကတော့ အများကြီးပါဘဲ။ ဒါပေမယ့် အဲဒီအထဲကမှ ဘယ်အချက်တွေကိုတော့
အမျိုးသားတွေ လေးလေးစားစား နားလည်ထားသင့်တယ်ဆိုတာထက် အချို့အချက်တွေက စောင့်ထိန်းရမယ့် ကျင့်ဝတ်
တွေ ပါဝင်ပါတယ်။ ဒါကြောင့် Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် သိသင့်တာလေးတွေကို မျှဝေလိုက်ပါ
တယ်။

(၁) ဒေါသကိုလျှော့ပြီး နှိမ့်ချပါ

ငါယောက်ျားပွဲကွဆိုပြီး မာန်မထောင်လွှားပါနဲ့။ မာန်ထဲမှာ ပုရိသမာန်-ဆိုပြီး ပါလို့ ဒါက ပြောရတာပါ။ ဒီမာန်ဟာ အမျိုး
သားတွေကို ကောင်းတဲ့နေရာ ပို့ပေးတာထက် မာန်ကနေ တွဲပါလာတဲ့ ဒေါသကြောင့် လေးဘက်လေးတန် နံရံကြီးအတွင်း
ကို ပို့ပေးတတ်ပါတယ်။

(၂) အမျိုးသမီးတွေအပေါ် တန်းတူအမြင်ကို မြင်ပါ

အမျိုးသမီးတွေအပေါ်မှာ မျှတတဲ့အမြင်ကို မြင်ပါ။ မျှတတဲ့အမြင် မမြင်နိုင်သေးသရွေ့ အမျိုးသမီးတွေကို မျက်စိထဲမှာ အနှိမ်ခံတွေ၊ အနိုင်ကျင့်စရာတွေ၊ စော်ကားစရာတွေလို့ မြင်နေမိမှာပါ။ တန်းတူအမြင်ဟာ လူတစ်ယောက်ကနေ လူတစ်
ယောက်အပေါ်ကို ထားရမယ့် ကျင့်ဝတ်လည်းဖြစ်ပြီး၊ လူယုတ်မာတစ်ယောက်မဖြစ်အောင် ဒီစိတ်ဓာတ်ကပဲ သင့်ကို ကူ
ညီမှာပါ။

READ
အမျိုးသားတွေရဲ့စိတ်အနှောက်အယှက်ဖြစ်စရာအကောင်းဆုံး အကျင့်(၅)ခု

(၃) ငယ်ရွယ်သူ/ တိရစ္ဆာန်များအပေါ်မှာ ကြင်နာပါ/စောင့်ရှောက်ပါ

ငယ်ရွယ်သူတွေအပေါ်မှာ ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ကြင်နာတဲ့ နှလုံးသားနဲ့ ဆက်ဆံပါ။ တိရစ္ဆာန်
တွေကိုလည်း လက်လွတ်စပါယ် မပြုမူပါနဲ့။ ဒါဟာ သင့်ကို လူ့အသိုင်းအ၀ိုင်းတစ်ခုက ကြင်နာတတ်သူလို့ အသိအမှတ်
ပြုခံရစေမယ့် အပြုအမူတွေ ဖြစ်ပါတယ်။

(၄) အချက်အပြုတ်ဗဟုသုတရှိပါစေ

ငါယောက်ျားပဲ အချက်အပြုတ် တက်နေစရာမလိုဘူးလို့ မယူဆပါနဲ့။ အရေးပေါ်အခြေအနေလိုဟာမျိုးမှာ ကိုယ့်ထမင်း
ကိုယ်ချက်စားနိုင်မှ အသက်ရှင်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီလို အခြေအနေ မရောက်ဖူးလို့ မတွက်ဆပါနဲ့။ ချက်နည်း
ပြုတ်နည်းကို ဗဟုသုတအနေနဲ့တော့ တတ်ထားသင့်ပါတယ်။

(၅) ဗဟုသုတကြွယ်ဝပါစေ

ယောက်ျားဆိုတာ အိမ်ထောင်ကျတဲ့အခါပဲဖြစ်ဖြစ် ဒီအတိုင်း လူလွတ်နယ်ပယ်မှာပဲဖြစ်ဖြစ် လူမှုရေးနယ်ပယ်မှာ အမျိုးသ
မီးတွေထက် ပိုပါတယ်။ ဒီတော့ ပရိသတ်ကို စကားပြောရတဲ့ အခါမျိုးမှာ ဆိုရေးရှိက ဆိုတတ်ဖို့လိုပါတယ်။ ရပ်ရေးရွာရေး
မှာလည်း အမျိုးသားတွေကပဲ ဦးဆောင်တာမို့ သူများတွေနဲ့ ယှဉ်ရင် သင့်တင့်လျှောက်ပတ်တဲ့ ဗဟုသုတလေးတော့ ရှိ
ထားရပါမယ်။

READ
သင့်ဇနီးကို ပိုဂရုစိုက်သင့်ကြောင်း သတိပေးနေတဲ့လက္ခဏာ(၅)ချက်

(၆) တစ်ခါတရံ တိုက်ခိုက်ရဲရမယ်

လူ့ဘ၀မှာ ကိုယ့်ကို ချစ်တဲ့သူတွေချည်းပဲ ရှိနေမှာ မဟုတ်ပါဘူး။ မုန်းတဲ့သူတွေနဲ့လည်း ကြုံတွေ့ရမှာပါ။ ဒီလူတွေဟာ
သင့်ဆီကို ဆဲဆိုရန်ပြုတာမျိုးတွေတောင် လုပ်နိုင်ပါတယ်။ ဒီတော့ ဒီလိုမျိုးအခြေအနေမှာ မိသားစုအတွက်လိုအပ်ရင် အ
သက်ပေး ကာကွယ်ရဲရပါမယ်။ ဒါက တစ်ချက်ပေါ့။ နောက် အမြင့်ဆုံးအခြေအနေအဖြစ် တိုင်းပြည်ကို နယ်ချဲ့တို့ လာ
ရောက်ခဲ့ရင်လည်း တိုင်းပြည်အတွက် အသက်ပေးကာကွယ်ရဲတဲ့ သတ္တိရှိရမယ်။ ထားရပါမယ်။ ဒါမှလည်း သာမာန်
ယောက်ျားတစ်ယောက်ဘ၀မှသည် မဟာယောက်ျားတစ်ယောက်အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : lifehack.org

SHARE