အခြားသူတွေကို အားကျမခံ ချစ်သူဘဝက ဓါတ်ပုံတွေနဲ့ ရိုလိုက်တဲ့ မြင့်မြတ်

နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ရုပ်ရှင်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ မြင့်ြ်မတ်ကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် တင်ပေးလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဗယ်လင်တိုင်းဒေးနေ့မှာလည်း ရိုက်ကူးရေးတွေ ဆက်တိုက်ပြုလုပ်ေ်နရတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြင့်မြတ်ကတော့ ဗယ်လင်တိုင်းဒေးမှာ ရိုနေကြတဲ့ အခြားစုံတွဲတွေကို အားကျမခံပဲ ဓါတ်ပုံတွေကိုတင်လိုက်တာဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူရဲ့ ဇနီးဖြစ်သူနဲ့ ချစ်သူဘဝတုန်းက ပုံရိပ်တွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ မြင့်မြတ်ကတော့ “သူများတွေအားကျလို့ကိုယ်တွေလည်းတင်လိုက်ပြီ😚😚😚” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။

အချိန်အတော်ကြာ ချစ်သူတွေအဖြစ် တွဲခဲ့ပြီးမှာ လက်ထပ်ခဲ့ကြတဲ့ မြင့်မြတ်တို့ဇနီးမောင်နှံကတော့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံဖြစ်တဲ့ မြင့်မြတ်တို့ရဲ့ ချစ်သူဘဝပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

READ
တစ်ကိုယ်တော်ရှိုးအတွက်ပြင်ဆင်နေတဲ့ ရဲလေး

Source: Myint Myat

SHARE