ကမ္ဘာ့နာမည်ကြီး လူသေမှုတစ်ခုအကြောင်း မှတ်တမ်းရုပ်ရှင်ပြန်ရိုက်မယ့် Netflix

YouTube- CBS News

ကမ္ဘာမှာ မဖြေရှင်းနိုင်တဲ့ အမှုတွေအများကြီးရှိနေပါသေးတယ်။ အဲဒီအထဲ နာမည်အကြီးဆုံး အမှုကိုပြောပါဆိုရင်တော့ Elisa Lam ဆိုတဲ့ အမျိုးသမီးရဲ့ သေဆုံးမှုပါပဲ။

YouTube- CBS News

Elisa Lam အမှုဟာ ၂၀၁၃ ခနှစ်တုန်းက ဖြစ်သွားခဲ့တဲ့အမှုတစ်ခုပါ။ Los Angeles က Cecil ဟိုတယ်မှာ တည်းနေတုန်း ဓာတ်လှေကားထဲကို အကြောက်တလန့်ဝင်လာခဲ့ပြီး ခဏအကြာမှာ ပြန်ထွက်သွားခဲ့ကာ ပျောက်သဆုံးသွားခဲ့ပါတယ်။ နောက်ရက်အနည်းငယ်လောက်မှာတောာ့ Elisa Lam ကို ဟိုတယ်ခေါင်မိုးထပ်က ရေတိုင်ကီထဲမှာ သေဆုံးလျက်သားတွေ့ခဲ့တာပါ။ သူမရဲ့ သေဆုံးမှုဟာ လူသေမှုလား၊ လူသတ်မှုလား၊ သေချာမူလီတွေနဲ့ ကြပ်ထားခဲ့တဲ့ တိုင်ကီထဲ ဘယ်လိုလုပ်ရောက်နေခဲ့တာလဲ၊ ဓာတ်လှေကားထဲမှာ ထိတ်လန့်နေခဲ့တာရော ဘာကြောင့်လဲဆိုတာ အခုအချိန်ထိ အဖြေရှာမရနိုင်အောင်ဖြစ်နေဆဲပါ။

Elisa Lam အကြောင်း အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။

အခု Next Shark ရဲ့ဖော်ပြချက်အရ Netflix ကနေပြီးတော့ ဒီအကြောင်းကို စီးရီးပြန်ရိုက်တော့မယ်ဆိုတဲ့အကြောင်းပါ။ Netflix မှာ တကယ့် နာမည်ကြီး မှုခင်းတွေအကြောင်းကို documentary ပုံစံအတိုင်း ရိုက်ကူးလေ့ရှိတဲ့ အစီအစဉ်တစ်ခုရှိနေပါတယ်။ Crime Scene ဆိုတဲ့ အစီအစဉ်ပါ။

READ
မောင်းနေတဲ့ကားပေါ်ခုန်ချတဲ့ InMyFeelings Challenge မလုပ်ကြဖို့ စပိန်ရဲတပ်ဖွဲ့တားဆီး
YouTube- CBS News

အခုလည်း Elisa Lam ရဲ့ အကြောင်းကို “The Vanishing at the Cecil Hotel” ဆိုတဲ့ နာမည်နဲ့ရိုက်ကူးတော့မယ်ဆိုပြီး သိရပါတယ်။ Producer နဲ့ ဒါရိုက်တာကိုတော့ Joe Berlinger က တာဝန်ယူသွားမှာပါ။

ဇာတ်လမ်းထဲမှာတော့ ဖြစ်စဉ် ၄ ခုကို အဓိကထားပြီး ရိုက်ကူးသွားမှာပါ။

  • Elisa Lam တစ်ယောက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကယ်လီဖိုးနီးယားကိုရောက်လာခဲ့ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့ကတော့ သူမကို Cecil ဟိုတယ်မှ ဝန်ထမ်းတစ်ယောက် နောက်ဆုံးတွေ့လိုက်တဲ့ရပ်ပါပဲ။ ဖေဖော်ဝါရီလဆန်းမှာ check-out လုပ်ရမှာဖြစ်ပေမယ့်လို့ Elisa Lam တစ်ယောက် မရောက်လာခဲ့ပါဘူး။
READ
ဘယ်လ်ဂျီယံဝန်ကြီးချုပ်ကို ကျန်းမာရေးဝန်ထမ်းတွေ ကျောခိုင်းပြီး အသံတိတ် ဆန္ဒပြ

  • ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ Los Angeles ရဲဌာနကနေပြီး Elisa Lam ကို လူပျောက်ကြေငြာခဲ့ပါတယ်။ နောက်တစ်ရက်မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။
  • ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ရဲဌာနကနေပြီး Elisa Lam ရဲ့ ထူးဆန်းတဲ့ ဓာတ်လှေခါးထဲက CCTV footage တစ်ခုကို ချပြခဲ့ပါတယ်။ ဒီဗီဒီယိုထဲ Elisa Lam ရဲ့ ပုံစံဟာ ထူးဆန်းနေတာကို လူတွေက သတိထားမိခဲ့ပါတယ်။ ဥပမာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေတာမျိုး၊ ခြေတွေလက်တွေ ကောက်နေတာမျိုး၊ ဘယ်သူမှမရှိဘဲ စကားပြောနေတာမျိုးတွေပေါ့။
  • ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ Elisa Lam ရဲ့ အဝတ်မပါဘဲ ပုပ်ပွနေပြီဖြစ်တဲ့ အသက်မဲ့ခန္ဓာကိုယ်ကြီးကို ဟိုတယ်ခေါင်မိုးပေါ်က ရေတိုင်ကီထဲမှာ ရှာတွေ့ခဲ့ပါတယ်။

ဒီအကြောင်းတွေကိုပဲ အခြေခံပြီး ရိုက်ကူးသွားမှာပါတဲ့။ ရိုက်ကူးမယ့်ရက်၊ ထုတ်လွှင့်မယ့်ရက်တွေကိုတော့ သေချာမကြေငြာသေးပါဘူး။

penny

SHARE