လက်သည်းကိုက်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြသာနာ(၅)မျိုး

အမူမဲ့အမှတ်မဲ့ဖြစ်စေ၊အကျင့်တစ်ခုလိုစွဲနေတဲ့အတွက်ကြောင့် ဖြစ်စေ တစ်ခုခုဆိုရင် လက်သည်းကိုက်တဲ့ အကျင့်ပါနေကြ သူတွေ ရှိမှာပါ။လက်သည်းကိုက်တက်တဲ့အကျင့်ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာပါ မိမိရဲ့ပုံရိပ်ကို ကျဆင်းစေတဲ့ အမူအကျင့်တစ်ခုပါ။ဒါတင်မကသေးပါဘူး လက်သည်းကိုက်တာဟာ ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါ တယ်။

(၁)လက်သည်းအောက်ခြေမှာ ရောဂါပိုးမွှားတွေကပ်နေ

လက်သည်းကိုက်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ပြောရင် လက်သည်းကို အမြဲသန့်ရှင်းပေးနေတာ ပဲလို့ စောဒက တတ်တဲ့သူတွေရှိနိုင်ပါတယ်။ဒါပေမယ့် လူတစ်ယောက်ရဲ့လက် ဘယ်လောက်သန့်ရှင်းတယ် မသန့်ရှင်း ဘူးဆိုတာဟာ ဘယ်နှစ်ကြိမ်လက်ဆေးထားတယ်ဆိုတာကို ကြည့်ရုံနဲ့ ပြောလို့မရပါဘူး။လက်ဆေးရုံလောက်နဲ့ လက်သည်းအောက်ခြေမှာရှိတဲ့ ရောဂါပိုးမွှားတွေကို ပြောင်စင်အောင် ဖယ်ရှားပေးလို့မရနိုင်ပါဘူး။ပိုးမွှားတွေကပ်နေတဲ့ လက်ကို ကိုက်မိမယ်ဆိုရင် လက်သည်းအောက်ခြေမှာရှိတဲ့ ပိုးမွှားတွေဟာ ပါးစပ်ထဲကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ၀င်ရောက်သွားမှာပါ။ဒါကြောင့် အကြံပြုချင်တာကတော့ လက်ကိုပုံမှန်ဆေးကြောပါ။လက်သည်းတွေကို လည်း အထူးအလေးထားဂရုစိုက်ပေးပါ။

READ
မှိုဆိပ်သင့်ခြင်း လက္ခဏာများ

man-biting-nail

(၂)လက်မှာ ရောဂါဖြစ်ပွားနိုင်ချေများ

အစောပိုင်းကပြောခဲ့သလိုပါပဲ လက်သည်းကိုက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင် သလို၊လက်သည်းကိုက်တာတွေကြောင့် လက်စွပ်ငုပ်တာတွေကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။လူတိုင်းလိုလို လက်စွယ်ငုပ်ဖူးကြ မှာပါ။လက်သည်းမှာနာကျင်မယ်၊ယောင်ယမ်းမယ်၊နောက်ဆုံး လက်သည်းအနီးတစ်ဝိုက်မှာပါ ရောင်ယမ်းနာ ကျင် ပြည်တည်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။တကယ်လို့များ ကိုယ်ကိုက်တဲ့ လက်သည်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကြွက်နို့တွေရှိနေမယ်၊နောက်လက်တစ်ချောင်းကိုလည်း ထပ်ပြီးကိုက်မိမယ်ဆိုရင်တော့ အဲ့ဒီနေရာကိုပါ ဗိုင်းရပ်စ်တွေ ကူးစက်ကုန်မှာပါ။

Paranochyia_1

(၃)သွားကျန်းမာရေးကိုပါ ထိခိုက်နိုင်

သွားဆိုတာဟာ အစားအစာတွေကို ၀ါးဖို့အတွက် ရှိနေတာဖြစ်တာကြောင့် ဒါကို ကိရိယာလက်နက်တစ်ခုလို အသုံးမပြု သင့်ပါဘူး။လက်သည်းကိုက်ခြင်းဟာ သွားတွေကိုသာမက သွားရဲ့အပေါ်ယံကြွေလွှာတွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။

(၄)လက်သည်းကြီးထွားမှု(ရှည်ထွက်မှု)ကို ထိခိုက်နိုင်

လက်သည်းကို မကြာခဏကိုက်တာတွေကြောင့် အသစ်ထွက်လာမယ့် လက်သည်းတွေရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါ တယ်။လက်သည်းထွက်မယ့်နေရာမှာ အသားစလေးထွက်ပေါ်လာတတ်ပါတယ်။အလွယ်ပြောရရင်တော့ လက်သည်းက အရေပြားအပေါ်မှာ မဟုတ်ပဲ အောက်မှာသွားစိုက်နေတာမျိုး၊လက်စွယ်ငုပ်တာ မျိုးပါ။ဒီလိုဖြစ်ပြီဆိုရင်တော့ လက်မှာ နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး၊ တစ်ချို့ခွဲစိတ်ရတဲ့ အထိ အခြေအနေဆိုးတာတွေ ရှိပါတယ်။

READ
သွားဖုံးသွေးထွက်ခြင်းမှ ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေး ၅ ခု

nail-biting

(၅)အဆိပ်အတောက်ဖြစ်စေနိုင်

ဒါကတော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။လက်သည်းဆိုးထားတာ၊လက်သည်းပုံဖော်ထားရာမှာ သုံးတဲ့ လက်သည်းနီတွေမှာ အဆိပ်အတောက်တွေပါဝင်ပါတယ်။လက်သည်းအရောင်တင်တဲ့ (gel polishes ) တွေမှာလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်တာကြောင့် ပါးစပ်ထဲမိရင် လူကို အန္တရာယ်ဖြစ်စေပါတယ်။လက်သည်းနီအမြဲဆိုးတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ပါရှိတဲ့သူဆိုရင်တော့ ဒီအဆိပ်တွေဟာ ပါးစပ်ထဲကို အလွယ်တကူဝင်ရောက်သွားမှာ အသေအချာပဲမို့ လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ကြိုးစားဖျောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

SHARE