သီလရှင်အဖြစ်နဲ့ အလှူအတန်းတွေ ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ နန်းစန္ဒာလှထွန်း

လတ်တလောမှာ MRTV-4 ရုပ်သံလှိုင်းမှာ လက်ရှိပြသနေတဲ့ မြန်မာဇာတ်လမ်းတွဲဖြစ်တဲ့ “ဝင်္ကပါရှင်းတမ်း” ရဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတာလည်းဖြစ်ပါတယ်။

သူမကတော့ သင်္ကြန်အပြီးမှာ အနုပညာအလုပ်တွေကနေ ခေတ္တအနားယူပြီး ဆရာလေးအဖြစ်နဲ့ သာသနာ့ဘောင်မှာပျော်မွေ့နေတာဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သီလရှင်ထွက်လာတာဖြစ်ပြီး ဆရာလေးအဖြစ်နဲ့ အလှူအတန်းတွေ လုပ်ခဲ့တဲ့အကြောင်းကို ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်ဝေမျှပေးထားတာဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းရဲ့ အလှူကို ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

Source: nan sandar Hla tun

SHARE