လပေါ်မှာ အိမ်သာတီထွင်နိုင်တဲ့လူကို အမေရိကန်ဒေါ်လာ (၃၅,၀၀၀) ချီးမြှင့်မယ့် NASA

Nasa

NASA ကနေပြီးတော့ မကြာမီအချိန်အတွင်းမှာ ပြိုင်ပွဲတစ်ခု ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီပြိုင်ပွဲကတော့ အိမ်သာဒီဇိုင်းအသစ် တီထွင်တဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ အဲဒီအိမ်သာဟာ လပေါ်မှာ အလေးသွားလို့ အဆင်ပြေမယ့် အိမ်သာဖြစ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုတီထွင်နိုင်တဲ့ လူတွေကို အမေရိကန်ဒေါ်လာ ၃၅၀၀၀ အတိ ချီးမြှင့်ပေးမှာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-bones64

တော်တော်များများ သိတဲ့အတိုင်း လက်ရှိ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ သုံးနေတဲ့ အိမ်သာတွေက အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမြေဆွဲအားရှိတဲ့အတွက်ကြောင့် ကျွန်တော့်တို့အခင်းသွားရင် အညစ်အကြေးတွေက အောက်ဘက်ကို တိုက်ရိုက်ဆင်းသွားတတ်ပါတယ်။ ပြီးတာနဲ့ ရေဆွဲချလိုက်ရင် ထပ်ပြီးတော့ မိလ္လာတွင်းထဲကို တိုက်ရိုက်ဆင်းသွားတာပါ။ ဒါပေမယ့် လပေါ်မှာကျတော့ အဲဒီလိုမဟုတ်ပါဘူး။ ဆွဲအားမရှိတဲ့နေရာဖြစ်တာကြောင့် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အာကသယာဉ်တွေထဲမှာတော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် လပေါ်မှာတော့ ဆွဲအားမရှိတဲ့အတွက် ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။ NASA ဟာလည်း သိပ်မကြာခင် ၂၀၂၄ ခုနှစ်အတွင်း လပေါ်မှာ လေ့လာရေးလုပ်ငန်းစဉ်တွေရှိတာကြောင့် အခုလို မဖြစ်မနေ အိမ်သာဆောက်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

READ
ISတွေရဲ့ကျည်ဆံတွေကြားမှာ ကလေးမလေးကို ရဲဝံ့စွာကယ်ခဲ့တဲ့စစ်သားဟောင်းကြီး
Nasa

ဒီလိုအိမ်သာဒီဇိုင်းကို တီထါင်နိုင်တဲ့ လူတွေကိုလည်း ဆုပေးပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဆုကြေးတွေကတော့ ပထမဆုက ဒေါ်လာ ၂၀၀၀၀၊ ဒုတိယဆုက ဒေါ်လာ ၁၀၀၀၀ နဲ့ တတိယဆုက ဒေါ်လာ ၅၀၀၀ တို့ပဲ ဖြစ်ပါတယ်။ အိမ်သာဒီဇိုင်းအတွက် deadline ကတော့ သြဂုတ်လ ၁၇ ရက်နေ့ဖြစ်ပြီး အနိုင်ရရှိတဲ့သူတွေကိုတော့ အောက်တိုဘာလထဲမှာ တရားဝင်ကြငြာပေးသွားမှာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE