PARIS FASHION WEEK ကိုအတူတက်ရောက်ကြမယ့် ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးနဲ့ We Wee

ပရိသတ်တွေရဲ့ အားပေးမှုတွေကိုရရှိထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်နေတဲ့သူတွေ ဖြစ်တဲ့ မင်းသမီး ဝတ်မှုန်ရွှေရည်၊ Beauty Blogger နေခြည်ဦးနဲ့ မိတ်ကပ်ပညာရှင် We Wee တို့ကတော့ မကြာခင်မှာ ကျင်းပတောမယ့် PARIS FASHION WEEKကို တက်ရောက်တော့မှာဖြစ်ပါတယ်။ သူတို့ကတော့ ဒီပွဲကို တက်ရောက်မယ့်အကြောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့က မီဒီယာကို အသိပေးတဲ့ပွဲလေး ပြုလုပ်ကျင်းပခဲ့ပါတယ်။

နေခြည်ဦး၊ ဝတ်မှုန်ရွှေရည်နဲ့ We Wee တို့ကတော့ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ PARIS FASHION WEEKမှာ ရှိနေမှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

နေခြည်ဦးကတော့ မီဒီယာတွေကို အသိပေးတဲ့ပွဲလေးကို တက်ရောက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ နေခြည်ဦးကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ပရိသတ်တွေအတွက် ပဟေဠိဖြစ်နေတဲ့ Lady Gaga ရဲ့ Post

SOurce: Nay Chi Oo

SHARE