မင်းသားချော ဒေါင်းနဲ့အတူ ပုဂံမှာ ကြော်ငြာရိုက်ကူးခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးကတော့ ဒီဇင်ဘာ(၁၄)ရက်နေ့က သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ ကြော်ငြာရိုက်ကူးနေတဲ့ ပုံလေးတွေပါ။ ပုံတွေထဲမှာတော့ အ၀ါရောင်မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ နေခြည်ဦးကို တွေ့ရမှာပါ။

နေခြည်ဦးနဲ့အတူ တွဲဖက်ပြီးရိုက်ကူးခဲ့သူကတော့ ညှို့အားပြင်းအကြည့်တွေကြောင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောလေး ဒေါင်းပါ။

ဒီနေ့တစ်နေ့လုံး
ပုဂံမှာ ကိုဒေါင်းနဲ့
TVC ရိုက်နေပါတယ်

 

နေခြည်ဦးဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး beauty blogger တစ်ယောက်ပါ။ သူမရဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးရင်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ရရှိထားသူပါ။ အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေ၊ Music Video နဲ့ မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးပေးနေတာကိုလည်း တွေ့ရပါတယ်။ ဇာတ်ကားတွေပါ ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

READ
မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ မအေးသောင်းရဲ့ ခေတ်မှီ မြန်မာဖက်ရှင်များ

from နေခြည်ဦးနဲ့ ဒေါင်းရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE