‘ရှက်တတ်ရင်နှုတ်ထွက်သင့်တယ်’ ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ နေခန့်မင်းသစ်

Myanmar Idol ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု၊ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ သီချင်းဆိုပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်ပါတယ်။ ယခုကျင်းပလျက်ရှိတဲ့ Season 3 ရဲ့ ပြိုင်ပွဲကတော့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲရဲ့ ရလဒ်ကြေညာပွဲမှာ ပြိုင်ပွဲဝင် နီလန်းနဲ့ ဇော်ကြီးတို့က ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ ပြိုင်ပွဲမှာ ဆက်လက်ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ နေခန့်မင်းသစ်ကတော့ “ရှက်တက်ရင် နှုတ်ထွက်သင့်တယ်” ဆိုတဲ့ဝေဖန်မှုတွေကို ရရှိနေပါတယ်။

ယခင်တစ်ပတ်က နေခန့်မင်းသစ်ဟာ ပွဲစဉ်တစ်လျှောက်လုံး ဒိုင်လူကြီးတွေ တစ်ခါသာ အသုံးပြုခွင့်ရှိတဲ့ Save လုပ်ခြင်းကို ခံခဲ့ရပြီး အဆိုပါ ယှဉ်ပြိုင်တဲ့ ရက်သတ္တပတ်က မည်သူမျှ ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်း မရှိခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ပြိုင်ပွဲ နှစ်ဦးကို ဖြုတ်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ နေခန့်မင်းသစ်ကို ဝေဖန်နေကြတဲ့ အကြောင်းအရင်းပါ။

READ
ရေစိမ်အလှ ပုံအလန်းတွေ တင်လိုက်တဲ့ ရွှေမှုံရတီ

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နေခန့်မင်းသစ်ကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ စာရေးသားပြီး ပြန်လည်ပြောဆိုလာပါတယ်။ နေခန့်မင်းသစ်က “ရှက်တတ်ရင်နှုတ်ထွက်သင့်တယ်လို့ပြောကျတယ်ဗျ ဒီမှာကအဲ့လိုထွက်လို့မရဘူးတဲ့ ကျနော်မနေ့က saveဖြစ်သွားလို့ ဘယ်လိုခံစားနေရမလဲဆိုတာ သိတဲ့သိတွေသိပါတယ် ဒါပေမဲ့ကျနော့် စိတ်ခံစားချက်တွေကို ဦးစားပေးခဲ့တာများပြီလေနော့ အခုတော့ကျနော့်ကို အားပေးတဲ့ကျေးဇူးရှင် ပရိသတ်တွေရဲ့စိတ်ခံစားချက်ကိုပဲ ဦးစားပေးတော့မယ်ဗျာ” လို့ရေးသားခဲ့ပါတယ်။

နေခန့်မင်းသစ်ကတော့ သူ့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ပရိသတ်တွေအတွက် ကြိုးစားသွားပါမယ်လို့လည်း ပြောထားပါတယ်။ ပရိသတ်တွေလည်း မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နေခန့်မင်းသစ်ကို  အားပေးလိုက်ကြပါဦးနော်။

Source: Nay Khant Min Thit

SHARE