အခြေခံလူတန်းစားတွေ အတွက် သိန်းတစ်ရာထပ်မံလှူဒါန်းပေးခဲ့တဲ့ နေတိုး

Image:Fb/Nay Toe

နေတိုးကတော့ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး ထိပ်တန်း မင်းသားတစ်ယောက်ပါ။အ နေ အေးတဲ့ မင်းသား တစ်ေ ယာက် ဆိုပေမယ့် ကျရာဇာတ်ရုပ်တွေ ကို ပီပြင် အောင် သရုပ်ဆောင်နိုင်လို့ အကယ်ဒမီ ဆုတွေ လည်း ဆွတ် ခူး ရရှိ ထားသူပါ။ဘယ်လို ဇာတ်ရုပ်မျိုးကို မဆို ပီပြင်စွာ သရုပ်ဆောင်နိုင်သူမို့ ပရိသတ်ရဲ့ ချစ်ခင် အားပေးမှု တွေကို အပြည့် အ၀ ကို ရထားတဲ့ မင်းသားနေတိုးကတော့ အခြေခံ လူတန်းစားတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ် မှာ  ပါဝင် ကူ ညီပေး ခဲ့ပါတယ်။

Image:Fb/Nay Toe
Image:Fb/Nay Toe

COVID-19 ကို တွန်းလှန်နေရတဲ့ ဒီလို အချိန်မှာ သင်္ကြန် တွင်းကာလမှာ အပြင်မထွက်ကြဖို့ အစိုးရ အမိန့် ကြေညာ ခဲ့ပါတယ်။အဲ့ဒီ အတွက် နောက်ဆက်တွဲ အခက်အခဲေ တွနဲ့ ရင်ဆိုင်ရ မယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံ လူတန်းစားတွေ အတွက် လည်း ထောက်ပံ့ ပေးမယ့် အစီအစဉ်ကို လည်း ကြေညာခဲ့ပါတယ်။အခြေခံ လူတန်း စား တွေကို ကူညီပေးမယ့် အစီအစဉ်မှာတော့ အားလုံး ပူးပေါင်း ပါဝင် ပေးခဲ့ကြပါတယ်။မင်းသား နေတိုး ကလည်း   ပြည်သူ တွေ ကို ထောက်ပံ့ ကူညီပေးမယ့် အစီအစဉ် အတွက် သိန်းတစ်ရာ ထပ်ပြီး လှူဒါန်းပေး ခဲ့တယ်လို့ သူ့ရဲ့ Fb မှာ အခုလို ဝေမျှ ပေးခဲ့ပါတယ်။

READ
ကားပရိုဂရမ်တစ်ခု ရိုက်ကူးခဲ့တဲ့ ခင်အင်ကြင်းကျော်
Image:Fb/Nay Toe

“ပရိသတ်များအားလုံးမဂ်လာပါခင်ဗျာ..
COVID-19 ကာကွယ်ထိန်ချုပ်​ရေးနဲ့ ဆက်စပ်၍ အ​​ရေးကြီးကာလအတွင်းပုံမှန်ဝင်​ငွေမရှိ​သောအ​ခြေခံလူတန်းစားများအတွက်အိမ်​ထောင်စု(၁)စုလျှင်ဆန်(၈)ပြည် ဆီ(၅၀)ကျပ်သား ဆား(၅၀)ကျပ်သား ပဲ(၁) ပိဿာကြက်သွန်(၁) ပိဿာစုစု​ပေါင်း​ထောက်ပံ့ကူညီမှု(၅)မျိုးစီကို ၂၀၂၀ပြည့်​နှစ် ဧပြီလ ၁၀ရက်​နေ့မှစတင်၍အခမဲ့ ဖြန့်ဖြူး​ထောက်ပံ့​ပေးမည်ဆိုတာသိရလို့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်
အခုလို ပြည်သူများအားထောက်ပံ့ကူညီမှုများပြုလုပ်နိုင်ရန်အတွက် အထက်ပါအစီအစဥ်တွင်အလှူ​ငွေ သိန်း(၁၀၀)ကိုထပ်မံလှူဒါန်းဖြစ်ပါတယ်ခင်ဗျာ
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ​ရောဂါဘယ ကင်း​ဝေးကြပါ​စေ​ကြောင်းဆု​တောင်း​​​မေတ္တာပို့သရင်း.. ​နေတိုး..” ဆိုၿပီး သူ့ရဲ့ Fb မှာ တင်ထားပါတယ်။

Image:Fb/Nay Toe

မင်းသားေ နတိုးလည်း ဒီ့ထက်ပိုပြီး အောင်မြင်မှုတွေ ရ ပါ စေ နော်……။

Source:Fb/Nay Toe

SHARE