အီတလီဖက်ရှင်ကုမ္ပဏီက တီထွင်ဖန်တီးတဲ့ ဒေါ်လာ (၂၃၀၀) တန်လည်ဆွဲကြိုး

bottegaveneta.com

အီတလီဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bottega Veneta ဟာ မကြာသေးခင်တုန်းက လည်ဆွဲတစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ ထူးထူးဆန်းဆန်းပဲ လည်ဆွဲကြိုးကတော့ ဖုန်းကြိုးပုံစံနဲ့တထေရာတည်း တူနေခဲ့တာဖြစ်ပါတယ်။

bottegaveneta.com
bottegaveneta.com

လည်ဆွဲကြိုးဟာ အမေရိကန်ဒေါ်လာ ၂၃၆၅ ဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဒီဖုန်းကြိုးပုံစံဖက်ရှင်လို်င်းသစ်မှာဆိုရင် နားဆွဲတွေကတော့ ၈၉၃ ဒေါ်လာကျသင့်မှာဖြစ်ပြီး လက်စွပ်ကတော့ ၅၅၆ ဒေါ်လာလို့သိရပါတယ်။ အရောင်ကတော့ ခရမ်းရောင်နဲ့လည်းလာပါတယ်။

bottegaveneta.com
bottegaveneta.com

Bottega Veneta ကတော့ အခုခေတ်လူငယ်တွေအတွက် ဗဟုသုတရအောင်တီထွင်ဖန်တီးပေးနေတာ ဖြစ်နိုင်ပါတယ်။ အခုခေတ် လူတော်တော်များများက အရင်ကသုံးဖူးတဲ့ ကြိုးဖုံးကိုမမှတ်မိတဲ့အတွက် Bottega Veneta က ခေတ်ဟောင်းပစ္စည်းတွေကို လူတွေပြန်မှတ်မိအောင် ကြိုးစားချင်ပုံပါပဲ။ ဒါပေမဲ့လည်း ၁၉၉၀ ခုနှစ်တွေဆီက အငွေ့အသက်ရချင်ရင် တခြားနည်းလမ်းတွေရှိပါရက်နဲ့ ဖုန်းကြိုးလည်ဆွဲကိုတော့ ဒေါ်လာ ၂ထောင်နဲ့ ရောင်းချနေတာ တကယ်အံ့အားသင့်စရာဖြစ်ကြောင်း unilad ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

READ
ချစ်လွန်းလို့ဒီတိုင်းမထားခဲ့နိုင်ဘူးဆိုပြီး တစ်မိသားစုလုံးကို တမလွန်ခေါ်သွားခဲ့တဲ့ အမျိုးသား

ShweMom

SHARE