Fifty Shades မင်းသမီး Dakota Johnson နဲ့ Chloe Grace Moretz တို့ ပါဝင်မယ့် Suspiria ဆိုတဲ့ ကြောက်မက်ဖွယ် ရုပ်ရှင်ကို US မှာ နိုဝင်ဘာ (၂) ရက်နေ့တွင် ရုံတင်မယ်လို့ သိရပါတယ်။


နာမည်ကြီးကျော် အကအဖွဲ့ကြီးက မှော်နက်တွေရဲ့ ကိန်းအောင်ရာ ဂိုဏ်းတစ်ခုဖြစ်နေပြီး အနုပညာ ဒါရိုက်တစ်ယောက်၊ ရည်မှန်းချက်ကြီးတဲ့ လူငယ် အကသမားတစ်ယောက်နဲ့ စိတ်ပညာ အထူပြုကုသတဲ့ ဆရာ သုံးယောက်တို့နဲ့ ဆက်နွယ်နေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
Luca Guadagnino နဲ့ Dakota Johnson

(၁၉၇၇) ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဒါရိုက်တာ Luca Guadagnino က တဖန်ပြန်လည် ဖန်တီး ရိုက်ကူးထားတာပါ။ ၄င်းက ဒီ သဘာဝလွန် ဇာတ်လမ်းကို Kill Bill တို့ Jackie Brown တို့လို့ စီးရီးတွေကို ရိုက်ကူခဲ့တဲ့ Quentin Tarantino ဆိုတဲ့ ၀ါရင့် ဒါရိုက်တာကြီးကို အချောသတ်ရုပ်ရှင်ကို ပြသပြီး အကြံဉာဏ်တွေလည်းယူခဲ့ပါတယ်။ တကယ်ကို နွေးထွေးတဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် ဒါရိုက်တာကြီး Quentin Tarantino

တော်ရုံလောက်နဲ့ ရင်မခုန်တတ်တဲ့ Tarantino ကြီးတစ်ယောက် ဇာတ်လမ်းလည်းဆုံးရော မျက်ရည်တွေပါကျသွားရပါသတဲ့။ Guadagnio ကို ပွေ့ဖက်ပြီး ချီးကျူစကားတွေပြောခဲ့ပါတယ်။ ဒါရိုက်တာ Guadagnino ရဲ့ ဒီ Suspiria ရုပ်ရှင်ဟာ ကြောက်မက်ဖွယ် ရသ တစ်ခုတည်းပေးစွမ်းမှာ မဟုတ်တဲ့ မယ်လိုဒရာမာ အမျိုးအစားလို့လဲ သိရပါတယ်။ သူရည်ရွယ်ချက်ကလည်း ဇာတ်ကောင်တွေရဲ့ ဆွဲဆောင်မှုမှာ မျောနေပြီး မျက်လုံးကြီး ပိတ်ထားစရာမလိုဘဲ ကြောက်မက်ဖွယ်ကောင်းနေမယ့် ရုပ်ရှင်ကို ဖန်တီးချင်တာဖြစ်ကြောင်း သိရပါတယ်။

ဒီရုပ်ရှင် ရိုက်ကူးရင်း ခေါင်းဆောင်မင်းသမီး Dakota Johnson တစ်ယောက်လည်း တော်တော်လေးဆိုက်ကိုတွေ ဖောက်ပြီး စိတ်ရောဂါ ကုထုံးတွေဘာတွေနဲ့ ကုသလိုက်ရသေးတဲ့အကြောင်း Elle မဂ္ဂဇင်းနဲ့ အင်တာဗျူတစ်ခုမှာ ပြောဆိုထားတာ တွေ့ရပါတယ်။
Source: Unilad