ဂျပန်နိုင်ငံရဲ့Niigata စီရင်စုနယ်မှာ အသစ်စက်စက် အိမ်ထောင်သည်အမျိုးသားတွေအတွက် ထူးခြားပြီးပျော်စရာကောင်းတဲ့ ရိုးရာတစ်ခုရှိပါတယ်။ Matsunoyama Mukonage လို့ခေါ်တဲ့ နှစ်စဉ်ကျင်းပတဲ့ ရိုးရာပွဲတော်မှာ Tokamachi မြို့နေ အသစ်စက်စက်သတို့သားတွေဟာ လက်ထပ်ထိမ်းမြားပြီးစီးတဲ့အနေနဲ့ Yakushidou ဘုရားကျောင်းရင်ပြင်က ၁၆ပေရှိတဲ့ တောင်စွန်းပေါ်ကနေ အောက်ကို ပစ်ချခံကြရပါတယ်။

ဒီပွဲကိုတော့ နှစ်စဉ် ဇန်နဝါရီလ ၁၅ရက်နေ့မှာ ကျင်းပလေ့ရှိကာ မြို့မှာ လက်ထပ်ပွဲတွေ ပေါ်ပေါက်လာစေဖို့အတွက်ရည်ရွယ်ပါတယ်။ ဒီရိုးရာဟာ နှစ်ပေါင်း ၃၀၀ ကြာမြင့်ပြီဖြစ်ကာ လပြည့်နေ့ရောက်တော့မယ်ဆိုတဲ့အထိမ်းအမှတ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

ပွဲတော်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပူပူနွေးနွေးအိမ်ထောင်သည်အမျိုးသားတွေကို အခြားအမျိုးသားတွေက ပခုံးကနေထမ်းသယ်ပိုးပြီး မြို့အနှံ့လှည့်လည်ပြသကြပါတယ်။ အဆိုပါ အိမ်ထောင်သည်အမျိုးသားတွေကို ထောင်ထိပ်က Matsunoyama Onsen တောင်ကိုခေါ်မလာခင် အရက်တိုက်ကြပါတယ်။ အရက်တိုက်ရတဲ့ရည်ရွယ်ချက်က တောင်စွန်းပေါ်ကနေ အောက်ကိုပစ်ချလိုက်တဲ့အခါ နှင်းနဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ခံနိုင်အောင်လို့ ဖြစ်ပါတယ်။ သတို့သားတွေကို တောင်ထိပ်ပေါ်ခေါ်လာပြီးနောက်မှာတော့ နှင်းထဲကို ပစ်ချလိုက်ကြပါတယ်။ ဒီအခါမှာ သတို့သားတွေဟာ သူတို့ကို အောက်ခြေမှာစောင့်နေတဲ့ ဇနီးသည်တွေဆီ ခန္ဓာကိုယ်ကိုလှိမ့်ပြီး သွားကြရပါတယ်။

ထို့နောက်မှာတော့ သတို့သားတွေအားလုံးစုပေါင်းကာ မီးပုံဖိုရပါတယ်။ မီးပုံကရတဲ့ပြာတွေနဲ့ နှင်းတွေကိုရောပြီး Suminuri လို့ခေါ်တဲ့ဓလေ့တစ်ခု ပြုလုပ်ကြပါတယ်။ ကံကောင်းခြင်းတွေရဖို့အတွက် စုံတွဲတွေဟာ ၄င်းပြာရည်တွေကို တစ်ယောက်မျက်နှာတစ်ယောက်အနှံ့ သုတ်လိမ်းကြပါတယ်။ ဒါကတော့ ရွာရဲ့မိန်းကလေးကိုယူတဲ့အတွက် ၄င်းအမျိုးသားကို ရွာကလက်စားချေတဲ့အနေနဲ့ ပြုလုပ်တဲ့ဂျပန်ရိုးရာဓလေ့ဖြစ်ပြီး ဒီလိုလုပ်မှ မြို့ကလက်ခံကြောင်း nextshark အရ သိရပါတယ်။
ShweMom