ကမ်းခြေက သေတ္တာတစ်လုံးကြောင့် အံ့အားသင့်ခဲ့ရတဲ့ နယူးဇီလန်အာဏာပိုင်များ

facebook/wanganuispca

နယူးဇီလန်နိုင်ငံက အာဏာပိုင်တွေဟာ Whanganui ကမ်းခြေမှာ မွေးကင်းစခွေးပေါက်လေးတွေထည့်ထားတဲ့ သေတ္တာပုံးတစ်ပုံးကိုတွေ့ရှိခဲ့ကြောင်း ladbible သတင်းအရ သိရပါတယ်။ ခွေးလေးတွေကိုတော့ တစ်စုံတစ်ယောက်က ဇန်နဝါရီ ၂၆ရက်နေ့မှာ လာရောက်စွန့်ပစ်ထားခဲ့တာပါ။

facebook/wanganuispca

ကမ်းခြေတာဝန်ရှိသူတစ်ဦးကတော့ ခွေးပေါက်လေးတွေဟာ သူတို့ကို စပြီးရှာတွေ့တဲ့အချိန်တုန်းက တစ်ရက်သားတောင် မရှိလောက်သေးဘူးလို့ ပြောပြခဲ့ပါတယ်။ ခွေးလေးတွေရဲ့ တအီအီညည်းညူနေတဲ့အသံကို တစ်စုံတစ်ယောက်က ကြားခဲ့တာဖြစ်ပြီး အသံအတိုင်းလိုက်ရှာရာမှ သေတ္တာပုံးကို တွေ့ခဲ့တာဖြစ်ပါတယ်။ ပုံးထဲမှာတော့ ခွေးပေါက်လေး ၉ကောင်ရှိပါတယ်။

UPDATE ON OUR ABANDONED PUPPIES!

We were absolutely overwhelmed after sharing the story of the litter of newborn…

Posted by SPCA Whanganui Centre on Wednesday, 27 January 2021

အာဏာပိုင်တွေကတော့ ခွေးလေးတွေကိုမွေးမယ့်သူရှိရင် ဝမ်းသာမိကြောင်းနဲ့ အစွန့်ပစ်ခံခွေးလေးတွေအတွက် အကူအညီပေးဖို့ ဖေ့စ်ဘုတ်ပေါ်မှာတိုက်တွန်းထားပါတယ်။ ခွေးလေးတွေက ကံကောင်းပါတယ်။ ပို့စ်တင်ပြီး သိပ်မကြာခင်မှာပဲ လူအများအပြားက ခွေးပေါက်လေးတွေကို အိမ်ခေါ်ပြီးမွေးစားချင်ကြောင်း ဆက်သွယ်လာခဲ့ကြတာပါ။

READ
ထူးထူးဆန်းဆန်း လည်ပင်း၊ လက်မောင်း၊ ခြေထောက်တွေထဲမှာ သံချောင်းတွေရောက်နေတဲ့သူ
facebook/wanganuispca

မိခင်မဲ့နေရှာတဲ့ ခွေးပေါက်လေးတွေကိုတော့ Nanook အမည်ရတဲ့ ကမ်းခြေအာဏာပိုင်တွေမွေးထားတဲ့ ခွေးတစ်ကောင်က မိခင်နို့တိုက်ပေးထားကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစရာ အငယ်ဆုံးခွေးပေါက်လေးတစ်ကောင်ဟာ သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့ခွေးလေးတွေကတော့ အသက်ရှင်ကျန်နေဆဲပါ။

facebook/wanganuispca

“ခွေးလေးတွေက သူတို့ရဲ့မွေးစားမိခင်နဲ့ အခြေအနေကောင်းပါတယ်။ အငယ်ဆုံးခွေးလေးကတော့ သေသွားတယ်။ ကျန်တဲ့ ၈ကောင်စလုံးကိုတော့ Nanook က ကောင်းကောင်းစောင့်ရှောက်နေပါတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အခုဆိုရင်တော့ ခွေးလေးတွေနဲ့ Nanook ဟာ သူတို့ကို မွေးစားမယ့်နေရာတစ်နေရာကိုရောက်သွားကြပြီဖြစ်ကာ ခွေးလေးတွေကို စွန့်ပစ်ခဲ့သူကိုတော့ လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE