အင်စတာဂရမ်ပေါ်က ခရီးသွားဓာတ်ပုံတွေကို အတုခိုးမရိုက်ဖို့ သတိပေးလိုက်တဲ့ နယူးဇီလန်

youtube/100% Pure New Zealand

နယူးဇီလန်ဟာ တစ်ခါလာလည်း ဒီပုံမျိုးတွေချည်းထပ်နေတဲ့ အင်စတာဂရမ်ပို့စ်တွေကိုပျင်းရိလာပုံပါ။ အခုအခါမှာတော့ နယူးဇီလန်ဟာ ခရီးသွားလုပ်ငန်းကမ်ပိန်းတစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီကမ်ပိန်းမှာတော့ ခရီးသွားတွေအနေနဲ့ အွန်လိုင်းပေါ်မှာတွေ့ရတဲ့ဓာတ်ပုံတွေကို အတုခိုးတာရပ်ပစ်ဖို့နဲ့ တစ်ခုခုအသစ်အဆန်းလေးတွေ မျှဝေကြဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ CNN အရ သိရပါတယ်။

ဒီကမ်ပိန်းဟာ ၂မိနစ်ကြာတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ဟာသသရုပ်ဆောင် Tom Sainsbury က Social Observation Squad (SOS) အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါတယ်။ ဗီဒီယိုထဲမှာတော့ နိုင်ငံတွင်းက အထင်ကရနေရာအချို့ကိုရိုက်ပြထားပြီး Tom ကတော့ အရာရှိတစ်ဦးအနေနဲ့ လူတွေကို social media ရဲ့လွှမ်းမိုးမှုအောက် မရောက်စေဖို့ လိုက်မောင်းထုတ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

youtube/100% Pure New Zealand

ကမ်ပိန်းအစပိုင်းမှာတော့ “မကြာသေးခင်ကမှ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်က အများကြီးသတိပေးခံထားရပြီးပြီ။” လို့ Tom က ပြောပါတယ်။ “လူတွေက ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်တယ်။ အဲ့ဒီအတိုင်း လိုက်ရိုက်ဖို့ အသည်းအသန်ကြိုးစားတယ်။” လို့ဆိုပြီး  အတွေ့ရများတဲ့ အင်စတာဂရမ်ဓာတ်ပုံတွေနဲ့ ပုံစံတူလိုက်ရိုက်ဖို့ကြိုးစားနေသူတွေကို လိုက်လံဟန့်တားနေခဲ့တာဖြစ်ပါတယ်။

READ
နင်ဂျာအတွေ့အကြုံတွေကို အပြည့်အ၀ရရှိနိုင်မယ့် ကော်ဖီဆိုင် တိုကျိုမြို့မှာ ဖွင့်လှစ်ဖို့ရှိ

ဒီဗီဒီယိုလေးဟာ နယူးဇီလန်ခရီးသွားဘုတ်အဖွဲ့ရဲ့ ကာလကြာရှည် run နေတဲ့ ကမ်ပိန်းတစ်ခုဖြစ်တဲ့ Do Something New ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ကတော့ ကိုဗစ်တွေဆက်ဖြစ်နေတဲ့အတွက် နယူးဇီလန်ရဲ့နယ်စပ်တွေကို ဒီနှစ်ရဲ့ လပိုင်းအများစုမှာလည်း ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ သြစတေးလျနဲ့ တခြားပစိဖိဒေသနိုင်ငံတွေနဲ့ ခရီးသွားလာမှုစီစဉ်တာတွေကိုတော့ ထပ်မံလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ShweMom

SHARE