ချစ်သူများနေ့၆လပြည့်မင်္ဂလာအထိမ်းအမှတ်မှာ ကားမှောက်ပြီးသေခဲ့တဲ့သနားစရာစုံတွဲ

ချစ်သူများနေ့မှာ မင်္ဂလာပွဲ ခြောက်လပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ အောင်ပွဲခံခဲ့တဲ့ စုံတွဲတစ်တွဲ
ဟာ အပြန်ခရီးမှာ ကားမှောက်ပြီး သေဆုံးခဲ့ပါတယ်။ သေဆုံးသူများမှာ Kayla Amos (20) နှစ်နဲ့ Daniel
Amos (21) တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ မင်္ဂလာသက်တမ်း ခြောက်လပြည့်မြောက်လို့ အထိမ်းအမှတ်ပွဲကို နယူးဂျာစီပြည်နယ် Edgewater
မှာ ကျင်းပခဲ့ပြီး အပြန်မှာ ကားတစ်စီးဟာ လမ်းလယ်မျဉ်းကို ဖြတ်ပြီး ၎င်းတို့ရဲ့ကားကို အရှိန်ပြင်းစွာ ၀င်ရောက်
တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး အသက်
အရွယ်အရလည်း ငယ်ရွယ်သေးသူများ ဖြစ်ကြပါတယ်။ Huntingtown မြို့ ဘုရားကျောင်းက မင်္ဂလာကောင်း
ချီးစကား ချီးမြှင့်ပေးတဲ့ Daniel Palmer က “ သူတို့ ထာဝရ အတူရှိနိုင်ကြပါစေလို့ ဆုတောင်ပေးပါတယ် …
ကျွန်တော်တို့ အားလုံးက မင်းတို့ ငယ်သေးတယ် … စောင့်ကြပါဦးလို့ ပြောခဲ့ပါတယ် … ဟော အခုတော့
ကျွန်တော်တို့ သက်သေပြချက် မှားခဲ့တယ်ဆိုရမှာပေါ့ ” လို့ ပြောဆိုခဲ့ပါတယ်။

READ
မော်ဒယ်သုံးယောက်ရဲ့ အလန်းစား ဖိနပ်ကြော်ငြာ (ဖိနပ်ကိုသာကြည့်ရန်)

အဆိုပါ စုံတွဲဟာ ချစ်သူများနေ့ ညနေ 4 : 26 ၀န်ကျင်းမှာ Edgewater မြို့ရဲ့ Solomons Island လမ်းမပေါ်မှာ
ကားလျှောက် မောင်းခဲ့ကြရင်း ကားတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အခြား တတိယကားတစ်စီးကလည်း
တိုက်မိပြီးပျက်စီးနေတဲ့ ကားနှစ်စီးလုံးကို အရှိန်မထိန်းနိုင်ဘဲ နောက်တစ်ကြိမ်ထပ်ပြီး တိုက်မိခဲ့တယ်လို့ သိရ
ပါတယ်။ ၎င်းတို့နဲ့ တိုက်မိတဲ့ ကားကို မောင်းနှင်သူကတော့ Lauren Scott ဖြစ်ပြီး အသက်ကတော့ (27)နှစ်
ဖြစ်ပြီး သူ့ဇနီးဟာလည်း ကားချင်းတိုက်လို့ ရခဲ့တဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တတိယကားကို မောင်းခဲ့တဲ့ အသက်(32)အရွယ် Joseph Smith ကတော့ အသက်အန္တာရယ်မစိုး
ရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ရဲတပ်ဖွဲ့ကတော့ ယာဉ်မောင်းတွေဟာ မူးယစ်
ဆေးနဲ့ အရက်သုံးစွဲထားခြင်း မရှိဘဲ အခုလို ဖြစ်ပွားခဲ့တာမို့ အံ့အားသင့်နေကြပြီး နောက်ကွယ်မှာ ယာဉ်တိုက်
မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ သိရပါတယ်။

READ
Facebook ရဲ့ ရှယ်ရာ ၉ ၉ %ကိုလှူဒါန်းမယ့် Mark Zuckerbergတို့ မိသားစု

Myanmar Online Media

News

Source: dailymail

SHARE