အမေရိကန်နဲ့ ကနေဒါတစ်လွှားမှာ အအေးဓာတ်လွန်ကဲနေတာ ရက်အတန်ကြာရှိနေပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အဆုံးမှာတော့ ဆောင်းမုန်တိုင်းတစ်ခုဝင်အပြီးမှာ အမေရိကန်နိုင်ငံနယ်မြေအများစုရဲ့ ရာသီဥတုအပူချိန်တွေဟာ ရုတ်ချည်းထိုးဆင်းသွားခဲ့ပါတယ်။ ရေခဲတမျှ အေးစက်နေတဲ့ လေအေးတွေနဲ့ နှင်းတွေကြောင့် လူအများစုက အိမ်ထဲမှာပဲ နွေးနွေးထွေးထွေး နေချင်ကြပါတယ်။ ဒါပေမယ့် ရာသီဥတု အေးလွန်းတဲ့ကြားထဲက ရဲတင်းလွန်းသူတွေကတော့ ကနေဒါမှာရှိတဲ့ နိုင်အာဂါရာနဲ့ နယူးယောက်တစ်ခွင်ကို အလည်သွားကြပါတယ်။ နိုင်အာဂါရာရေတံခွန်ကြီးကိုတော့ အချို့နေရာတွေမှာ ရေခဲနေပြီး ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှလွန်းနေတာကို အခုလို တွေ့မြင်ရပါတယ်။









လင်းလင်း (ShweMom)
Ref: buzzfeednews