လိင်တူချစ်သူတွေကို တိရစ္ဆာန်ထက်ဆိုးရွားတယ်လို့ပြောလို့ Nikeကပတ်ကွီအိုရဲ့စာချုပ်ကိုဖြတ်သိမ်း

လိင်တူကိစ္စနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ မှတ်ချက်ပြုခဲ့လို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအိုကို Nike က စာချုပ်ဖျက်
သိမ်းခဲ့ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းသည်ဟု လူတွေ တွေးထင်ထားတဲ့ ပက်ကွီအိုဟာ လိင်တူချစ်သူတွေကို တိရစ္ဆာန်နဲ့
ခိုင်းနှိုင်းမှုတွေ ပြုလုပ်ခဲ့တာမို့ Nike က စာချုပ်ဖြတ်သိမ်းခဲ့တာပါဖြစ်ပါတယ်။

ပက်ကွီအိုဟာ အဆိုပါ ခိုင်းနှိုင်းမှုကို တီဗွီအစီစဉ်တစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Nike က ပြီးခဲ့သည့်
ဗုဒ္ဓဟူးနေ့ညက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေငြာချက်မှာ ဆက်စုပ်ရွံရှာဖွယ်ကောင်းတဲ့ ပက်ကွီအိုရဲ့ မှတ်
ချက်အတွက် တစ်ခုခု တုန့်ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။

Nike ဟာ လိင်တူချစ်သူများရဲ့ အခွင့်အရေးနဲ့ လှုပ်ရှားမှုများကို အားတက်သရော ထောက်ခံပေးတဲ့ ကမ္ဘာကျော် ကုမ္မဏီ
တွေထဲက တစ်ခုဖြစ်ပါတယ်။ ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ လိင်တူချစ်သူအရေးအတွက် ဘာပြောချင်ပါသလဲ-ဆိုတဲ့
မေးခွန်းနဲ့ ပတ်သက်ပြီး ပက်ကွီအိုက “တိရစ္ဆာန်တွေထက်တောင် ဆိုးတဲ့ သူတွေပေါ့ဗျာ ”လို့ မှတ်ချက်ပြုခဲ့တာ ဖြစ်ပါ
တယ်။ ဗြိတိန်၊ အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံတွေမှာ မကြာသေးမီက လိင်တူအချင်းချင်း လက်ထပ်ခွင့် ဥပဒေတွေ
ကို အတည်ပြု ပြဋ္ဌာန်းပြီး လိင်တူချစ်သူများကို ထောက်ခံအားပေးခဲ့မှုတွေ ရှိခဲ့ပါတယ်။

READ
12ပတ်အတွင်း ဘီယာဗိုက်မှ Six Pack ဗိုက်ဖြစ်အောင်ပြောင်းနည်း

Myanmar Online Media

News

Source: dailymail

SHARE