“ဖုန်းနှင့်မခွဲနိုင်ခြင်းရောဂါ” အကြောင်းတစေ့တစောင်း

nomophobia

Nomophobia(no-mobile-phone phobia) လို့ခေါ်တဲ့ဖုန်းနဲ့မခွဲနိုင်တဲ့ရောဂါကို ကြားဖူးပါသလား?ဒီအသုံး
အနှုန်းကိုတော့ ၂၀၁၀ခုနှစ်လောက် UK Post Office ကပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ အသုံးပြုခဲ့ တာပါ။အဲ့ဒိ
လေ့လာမှုအရ Britainမှာရှိတဲ့ ၅၃ရာခိုင်နှုန်းသော ဖုန်းအသုံးပြုသူတွေဟာဖုန်းမေ့ကျန်တဲ့အခါ၊ဖုန်းပျောက်တဲ့
အခါ၊ဖုန်းဘက်ထရီ ကုန်တဲ့အခါစိတ်ကြောင့်ကြခြင်းဖြစ်ရပါတယ်တဲ့။ သင်ရော မနက်ပိုင်း Toilet ထဲဝင်ပြီးမှ
ဖုန်းမေ့ကျန်ခဲ့လို့ စိတ်ညစ်တာ မျိုးရှိဖူးပါသလား? ဒီရောဂါက နည်းပညာတွေ တိုးတက်လာတဲ့နောက်ပိုင်းမှာ
အဖြစ်များလာတာကို တွေ့ရှိရပါတယ်။ လူတွေစမတ်ဖုန်းတွေနဲ့ သိပ်မခွဲခွာနိုင်ကြတော့ပါဘူး။ အထူးသဖြင့်
လူငယ်တွေမှာအဖြစ်များလာတာကိုတွေ့ရပါတယ်။ လူငယ်တော်တော်များများက အပြင်မှာနှုတ်နဲ့စကား
ပြောတာထက် Chat တာ၊Tweet တာ၊ Comment ပေးတာကို ပိုလုပ်လာကြပါတယ်။
သင့်မှာရော nomophobia ရှိနေပြီလား? သင်သိချင်ရင်တော့အောက်မှာဆက်ဖတ်ကြည့်နော်။
nomophobia ရဲ့ရောဂါလက္ခဏာများကတော့….

(၁) ဖုန်းမေ့ကျန်ခဲ့တဲ့အခါ၊ ဖုန်းအားမရှိတဲ့အခါ၊ ဖုန်းဘေးနားမှာမရှိတဲ့အခါ စိုးရိမ်ခြင်း၊
ကြောင့်ကြခြင်း၊ စိတ်ဂနာမငြိမ်ခြင်း

READ
ကမ္ဘာ့ပထမဆုံး 5G ကွန်ယက်သုံး tablet ဖြစ်လာမယ့် Samsung Galaxy Tab S6 5G

(၂) ဖုန်းမှ Notification များကို ခဏခဏကြည့်ခြင်း

(၃) အလုပ်သို့မဟုတ်စာမှာအာရုံကောင်းကောင်းမစိုက်နိုင်ခြင်း

(၄) စကားပြောနေရင်း ဖုန်းကိုတကြည့်ကြည့်လုပ်ခြင်

(၅) ဖုန်းမမြည်သည့်အချိန်မှာတောင် ဖုန်းသံကိုကြားခြင်း(Cellphone Vibration Syndrome)

(၆) ၂မိနစ်တစ်ကြိမ်လောက်ဖုန်း Messageများကိုထုတ်ကြည့်ခြင်း
(မည်သည့်Messageမှမ၀င်နိုင်ဘူးဟုသိနေသော်လည်း)

(၇) အခန်းတစ်ခုခုအတွင်းသို့ဝင်သောအခါ ဖုန်းအားသွင်းဖို့ ပလပ်ပေါက်ကို မျက်စိကအလိုလျောက်ရှာဖွေမိခြင်း

(၈) ခေါင်းအုံးဘေးတွင်ဖုန်းကိုထားအိပ်ခြင်း

(၉) လပေါင်းများစွာ ဖုန်းမပိတ်ခြင်း

ဘာဆိုးကျိုးတွေဖြစ်လာနိုင်မလဲ?

-အမြင်အာရုံအားနည်းလာခြင်း

-အလုပ်တွင်အာရုံမစိုက်နိုင်ခြင်း

-လူမှုဆက်ဆံရေးအဆင်မပြေခြင်း (အထူးသဖြင့် စကားပြောနေချိန်မှာ
ဖုန်းတကြည့်ကြည့်လုပ်သောသူများ)

-အာရုံစူးစိုက်သင့်သောအရာများတွင် အာရုံစူးစိုက်မှုအားနည်းလာခြင်း

-မိသားစုဆက်ဆံရေး အေးစက်လာခြင်း

-ချစ်သူခြင်းအဆင်မပြေဖြစ်ခြင်း

-အိပ်ရေးပျက်ခြင်း

-လက်တွေ့ဘ၀တွင် အောင်မြင်မှုနည်းပါးလားခြင်း
(အာရုံစူးစိုက်မှုနည်းလာခြင်း၏အကျိုးဆက်)

ဘယ်လိုကုသနိုင်မလဲ?

ဒီအခြေအနေတွေကို သင်ကြိုက်နှစ်သက်နေတယ်ဆိုရင်တော့ သင်ပြောင်းလဲဖို့စဉ်းစားစရာမလိုပါဘူး။
ဒါပေမယ့် သင်ကအဲ့ဒိလိုအခြေအနေကရုန်းထွက်ချင်သူဆိုရင်တော့ အကြံအချို့ပေးပါရစေ။

-ညဘက်အချိန်အတိုင်းအတာတစ်ခုထိပဲ ဖုန်းကိုသုံးပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါမှမဟုတ်အရေးကြီးဖုန်းမျိုး
ဝင်နိုင်တယ်ထင်ရင်တော့ သင့်စိတ်ကိုပဲနိုင်အောင်ကြိုးစားပါ။

READ
ဘယ်မှာမှမထုတ်သေးတဲ့ ဆယ်ဖီကင်မရာဒီဇိုင်းသစ်ကို စမ်းသပ်နေပြီဖြစ်တဲ့ Xiaomi

-စာလေ့လာချိန်မှာ ၂နာရီလောက် ဆက်တိုက်လေ့လာပြီးမှသာ ဖုန်းကိုပြန်သုံးပါ။

-ချက်ချင်းကြီးဖုန်းနဲ့ခွဲခွါဖို့မလိုပါဘူး။ သင်လည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ ဖြေးဖြေးချင်းကြိုးစားပါ။

-အိပ်မပျော်တိုင်းဖုန်းထုတ်ကြည့်မနေပါနဲ့။ ဖုန်းကိုသုံးချင်တယ်ဆိုရင် English စာအသံဖိုင်နားထောင်တာ
မျိုးပဲလုပ်ပါ။ဖုန်းမပိတ်ချင်ရင်တောင် Air Plane Mode လုပ်ထားပါ။ဖုန်းမှ ထွက်တဲ့ electromagnetic
လှိုင်းတွေဟာ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

-သင့်ကိုယ်သင် ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်ချင်ရင် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊နဲ့တွေ့ တဲ့အခါ
ဖုန်းခဏခဏထုတ်ကြည့်နေခြင်းကို ရှောင်ရှားပါ။ အဲ့ဒိအမူအရာဟာသူတစ်ပါးကို စိတ်အနှောက်အယှက်
တော်တော်လေးဖြစ်စေပါတယ်။

-ဒီခေတ်ထဲမှာ ဖုန်းဆိုတာလိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အကျိုးရှိရှိအသုံးပြုပါ။ဖုန်းရဲ့သခင်ဟာ
သင်ဖြစ်သင့်ပြီးသင့်ရဲ့သခင်ဟာ ဖုန်းမဖြစ်သင့်ပါ။

သင့်မှာဒီရောဂါရှိမရှိမသေချာရင်တော့ http://www.nomophobia.com/ မှာသွားရောက်စမ်းသပ်လို့
ရပါတယ်။

အားလုံးပဲ ဖုန်းနဲ့မခွဲနိုင်ခြင်းရောဂါ ကင်းရှင်းကြပါစေ။

မိုးရှင်း (I.M.T)
Ref: Wikipedia, nomophobia.com, Businessinsider.com

SHARE