အမေရိကန်ရဲ့ လှုပ်ရှားမှုကြောင့် မြောက်ကိုရီးယားကလည်း တိုက်ပွဲဝင်ရန်အသင့်ဟုကြုံးဝါး

အမေရိကန်ဟာ မကြာသေးခင်ရက်ပိုင်းက ဆီးရီးယားနိုင်ငံ လေတပ်အခြေစိုက်စခန်းကို ဗြောင်ကျကျ တိုက်ခိုက်မှုတွေ ပြု
လုပ်ခဲ့တာ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလုပ်ကြောင့် စစ်ဘက်မဟာမိတ်နိုင်ငံတွေ အသီးသီးကို တပ်လှန့်ပေးသလို ဖြစ်သွားစေခဲ့ပါတယ်။

အကယ်၍ စစ်ကြီးဖြစ်လာလျှင် မြောက်ကိုရီးယား၊ တရုတ်၊ အီရန်၊ ဆီရီယား စတဲ့နိုင်ငံတွေက တစ်ဖက်၊ ဥရောပနိုင်ငံ တွေကတစ်ဖက် ဖြစ်ဖို့ ရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါပြီ။ အမေရိကန်ဟာ စွာကျယ်စွာကျယ် လုပ်နေတဲ့ မြောက်ကိုရီးယားကို မကြာခင် ရက်ပိုင်းအတွင်းမှာ စတင်တိုက်ခိုက်ဖို့ရှိတယ်လို့ သတင်းစာတွေက အသားပြု
ရေးခဲ့တာမို့ မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ မိတ်ဆွေတော် တရုတ်ဟာ မသိမသာလှုပ်ရှားမှုတွေ လျှို့ဝှက်လုပ်ဆောင်ခဲ့ ပါတယ်။

တရုတ်သမ္မတဟာ မြောက်ကိုရီးယားနယ်စပ်အရောက် တရုတ်စစ်သား 150000 နဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို လျှို့ဝှက် စေလွှတ်ခဲ့ကြောင်း သတင်းဓာတ်ပုံတွေ တက်လာခဲ့ပါတယ်။ ဒီမတိုင်ခင်ကတည်းက အမေရိကန်သမ္မတ ထရမ့်ဟာ လုံခြုံရေးကောင်စီအစည်းဝေး ခေါ်ခဲ့ပြီး အမေရိကန်တပ်တွေ အဆင်သင့်ဖြစ်နေဖို့ အမိန့်ပေးခဲ့သလို၊ မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ တောင်တရုတ်ပင်လယ်တွင်း ကိုးရီးယားကျွန်းဆွယ်အနီးထိ စစ်ရေယာဉ်တွေ အုပ်လိုက်သင်းလိုက် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

READ
စစ်အောက်မေ့ဖွယ်အခမ်းအနားမှာ တော်ဝင်မိသားစုတွေနဲ့ သီးခြားခွဲထွက်နေခဲ့တဲ့ မီဂန်

ဒီအခြေအနေကြောင့် မြောက်ကိုရီးယား နိုင်ငံခြားရေ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ဒီလှုပ်ရှားမှုဟာ အမေရိကန်ရဲ့ နမော်နမဲ့နိုင်တဲ့ လှုပ်ရှားမှုဆိုတာ အားလုံး သိကြမှာပါ … ဒါဟာ မြောက်ကိုရီးယားကို ယမ်းပုံမီးကျ ဖြစ်စေပါတယ် … ကျွန်တော်တို့က အမေရိကန်က စလာမယ့် တိုက်ပွဲအတွက် အဆင်သင့်ပါဘဲ … “လို့ ကြုံးဝါးခဲ့
ပါတယ်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE