တရားခံကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတိုင်း ထူးထူးဆန်းဆန်း အပြစ်ပေးလေ့ရှိတဲ့တရားသူကြီး

တရားသူကြီး မိုက်ကယ်စင်ကွန်နက်တီဟာ ရာဇ၀တ်မှုနဲ့ ကိုက်ညီတဲ့ ပြစ်ဒဏ်တွေကို အပြစ်ပေးလေ့ရှိပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုံစံကိုလိုက်ပြီး မျှမျှတတ အပြစ်ပေးလေ့ရှိတာကြောင့် ကျော်ကြားသူတစ်ဦးလဲဖြစ်ပါတယ်။ သူအပြစ်ဒဏ်ပေးပုံကတော့ အလွန်ရိုးရှင်းပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အတိုင်း ပညာသားပါပါနဲ့ ပြန်လည်အပြစ်ဒဏ်ပေးတာဖြစ်ပါတယ်။ မိုက်ကယ်ဟာ ဥပဒေရေးရာထဲမှာ ကျင်လည်လာတာအနှစ်(၂၀)ရှိနေပြီဖြစ်ပြီး  အမေရိကန်တရားသူကြီးများအဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။  အောက်ဘက်မှာတော့ မိုက်ကယ်ရဲ့ထူးခြားတဲ့အမိန့်ချပုံတွေကို ကြည့်ရအောင်ပါ။

i.huffpost.com

ဒီအဖြစ်အပျက်ဟာ မိုက်ကယ်မာရေကို ကျော်ကြားစေခဲ့တဲ့အဖြစ်အပျက်ပါ။ ၂၀၀၅ခုနှစ်တုန်းက အိုဟိုင်းယိုးကအမျိုးသမီးတစ်ဦးဟာ ချမ်းအေးပြီးနှင်းတွေကျနေတဲ့တောအုပ်ထဲမှာ ကြောင်လေး(၃၅)ကောင်ကို စွန့်ပစ်ခဲ့ပါတယ်။ တရားသူကြီးမိုက်ကယ်က တရားခံကိုပြစ်ဒဏ်အတွက်ရွေးချယ်စရာနှစ်ခုပေးပါတယ်။ ထောင်ရက်တိုကျခံမလား သို့မဟုတ် တောအုပ်ထဲမှာတစ်ညတာကို တစ်ယောက်တည်းဖြတ်သန်းမလားဆိုတာပါ။

www.catprotection.com.au

လိုင်စင်မရှိပဲသေနတ်ကိုင်တဲ့အမျိုးသားကို အလောင်းတွေစစ်ဆေးဖို့အတွက် ရင်ခွဲရုံသွားဖို့အမိန့်ချခဲ့ပါတယ်။

www.cufbi.com

ခွေးတစ်ကောင်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အမျိုးသားကို အားလပ်ရက်တိုင်း တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေဆီသွားပြီး အစားအသောက် အလေးချိန်ပေါင်(၂၀)စာ လှူဒါန်းဖို့အမိန့်ချခဲ့ပါတယ်။

animalsheltersexposed.weebly.com

ဗစ်တိုးရီးယားဘက်စ်ကွန် ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ တက္ကစီငှားစီးပြီး ပိုက်ဆံမပေးပါဘူး။ တက္ကစီမောင်းသမားက တရားရုံးသွားတိုင်တဲ့အခါ တရားသူကြီးမိုက်ကယ်က ထူးထူးခြားခြားအပြစ်ပေးခဲ့ပါတယ်။ ဗစ်တိုးရီးယားကို ထောင်ဒဏ်ရက်(၆၀)ပေးမယ့်အစား သူမကားစီးလာတဲ့မိုင်(၃၀)ကို (၄၈)နာရီအတွင်း လမ်းလျှောက်လာရမယ်လို့အမိန့်ချခဲ့ပါတယ်။

READ
ယာဉ်မောင်းကျွမ်းကျင်သူများသာမောင်းပါလို့ သတိပေးထားရတဲ့ လမ်းမကြီး ၅ ခု
www.welcometobratislava.eu

ရဲတွေကို အယုတ္တ အနတ္တဆဲရေးတိုင်းထွာပြီး ၀က်တွေလို့ခေါ်ခဲ့တဲ့အမျိုးသားကို မြို့လယ်ခေါင်မှာတကယ့်ဝက်တွေနဲ့အတူ (၂)နာရီကြားမတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးခဲ့ပါတယ်။

onedio.co

တရားသူကြီးမိုက်ကယ်က သူကျင့်သုံးတဲ့တရားစီရင်ရေးနဲ့ပတ်သက်တဲ့အတွေးအခေါ်ဟာ မိဘတွေ ကျင့်သုံးတဲ့ အတွေးအခေါ်နဲ့ သိပ်မကွာပါဘူးလို့ ဆိုပါတယ်။ မိုက်ကယ်က သူ့မှာလည်း သားသမီး(၅)ယောက်ရှိတဲ့အကြောင်းနဲ့ သူတို့အပြစ်လုပ်ကြတဲ့အခါ ရိုက်နှက်နိုင်ပေမယ့် သူတို့မှားကြောင်းနားမလည်ရင် ရိုက်တာအကျိုးမရှိဘူးလို့ဆိုပါတယ်။ တရားသူကြီးရဲ့ အပြစ်ပေးပုံတွေဟာ ရက်စက်ပြီး ထူးဆန်းတယ်လို့ပြောတဲ့သူတွေကိုတော့ သူ့ရဲ့အပြစ်ပေးမှုကြောင့် နည်းနည်းကသိကအောက်နိုင်ပြီး လူကြားထဲမှာ အရှက်ရရုံသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: onedio

SHARE