ရုပ်ရှင်ဆန်ဆန် ထောင်ဖောက်ပြီး ဟယ်လီကော်ပတာနဲ့ထွက်ပြေးခဲ့တဲ့ ပြင်သစ်ဂိုဏ်းစတား

အသက်(၄၆) နှစ်အရွယ် ရီဒွိုင်းဖေ့ဒ်ဟာ ပြင်သစ်ရဲဌာနက အလိုရှိနေတဲ့ နာမည်ကျော်လူဆိုးတစ်ဦးဖြစ်ပါတယ်။ သူဟာ ပါရီမြို့တော်အရှေ့တောင်ပိုင်း အစွန်အဖျားနေရာမှာရှိနေတဲ့ အကျဉ်းထောင်ကိုဖောက်ပြီး ဟယ်လီကော်ပတာနဲ့ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ရီဒွိုင်းဟာ ကြံရာပါနှစ်ယောက်ရဲ့ အကူအညီနဲ့ သံတိုင်တွေကို ဖျက်ပြီး (၁၀)မိနစ်အတွင်းမှာ ထောင်အပြင်ရောက်သွားခဲ့တာပါ။

Actupenit.com

လူဆိုးတွေဟာ အဆောင်မှုးတွေကိုဖြတ်ကျော်နိုင်ဖို့ မျက်ရည်ယိုဗုံးတွေနဲ့ လျှပ်စစ်သံဖြတ်စက်တွေကို အသုံးပြုခဲ့ပါတယ်။ ထောင်တွင်းအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီိယိုဖိုင်ထဲမှာတော့ ထောင်စောင့်တွေဟာ မြေပြင်ပေါ်မှာ ပြေးလွှားနေပါတယ်။ ဝေဟင်ထက်မှာတော့ ဟယ်လီကော်ပတာတစ်စင်းဟာ ပျံဝဲလျက်ရှိနေပြီး ထောင်တွင်းမှာရှိနေကြတဲ့ ထောင်သားတွေကတော့ ရီဒွိုင်းကို အားပါးတရ အော်ဟစ်အားပေးနေကြတာဖြစ်ပါတယ်။

Actupenit.com

ရီဒွိုင်းဟာ အခုတစ်ကြိမ်ပါနဲ့ဆို ထောင်ဖောက်ပြေးမှုကျူးလွန်တာ (၂) ကြိမ်ရှိနေပြီဖြစ်ပါတယ်။  (၂၀၁၃)ခုနှစ်တုန်းကလည်း ပြင်သစ်မြောက်ပိုင်းမှာ ဖမ်းဆီးထားစဉ် ရီဒွိုင်းဟာ ဒိုင်းနမိုက်တွေသုံးပြီး ထောက်ဖောက်ပြေးခဲ့ပါသေးတယ်။ ထိုစဉ်တုန်းကတော့ ရက်သတ္တပတ်(၆)ပတ် အကြာမှာ သူ့ကိုပြန်ဖမ်းမိခဲ့ပါတယ်။ ရီိဒွိုင်းထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဟယ်လီကော်ပတာဟာ အမှန်တော့ ပြန်ပေးဆွဲခံလာရတာဖြစ်ပါတယ်။

READ
MBAဘွဲ့ရထားပေမယ့် အပြာမင်းသမီးဘဝကိုရွေးချယ်ခဲ့သူ (၁၈နှစ်ပြည့်မှဖတ်ပါ)

ဟယ်လီကော်ပတာမောင်းသူကတော့ အရပ်သားတစ်ဦးပဲဖြစ်ပါတယ်။ အကျဉ်းထောင်စောင့် ၀န်ထမ်းတွေဟာ ဟယ်လီကော်ပတာကို တွေ့ပေမယ့် ထောင်အဆောက်အဦးတွေကို ၀င်ရောက်တိုက်မိမှာ စိုးရိမ်တဲ့အတွက်ကြောင့် မပစ်ခတ်ရဲကြပါဘူး။ ဟယ်လီကော်ပတာနဲ့အတူ မျက်နှာဖုံးအနက်ရောင်ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်လူနှစ်ဦးက ပထမဆုံးလမ်းကြောင်းရှင်းတဲ့အနေနဲ့ မျက်ရည်ယိုဗုံးတွေကို ချခဲ့ပါတယ်။ ပြီးနောက်မှာ ပစ္စည်းကိရိယာတွေသုံးပြီး ထောင်ရဲ့ ဧည့်သည်တွေ့ရာနေရာဆီ ချိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြီးနောက် ကြံရာပါတွေဟာ ရိုင်ဖယ်တွေနဲ့ချိန်ပြီး ရီဒွိုင်းကို လွှတ်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အခုဆို ထောက်ဖောက်ပြေးသွားတဲ့ ရီဒွိုင်းနဲ့ကြံရာပါကို ပြန်လည်ဖမ်းမိဖို့အရေး ပြင်သစ်ရဲ(၃,၀၀၀) လောက်ဟာ အသည်းအသန်ရှာဖွေနေကြပါတယ်။ ယူဆရတာတော့ လူဆိုးတွေဟာ ထောင်မဖောက်ခင်မှာ အကျဉ်းထောင်အခြေအနေကို ဒရုန်းယာဉ်ပျံနဲ့ အရင်ဆုံးလေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

The New Times

လင်းလင်း (ShweMom)

Ref: Dailymail

SHARE