နာမည်ဆိုးနဲ့ ကျော်ကြားကြတဲ့ ခြောက်ခြားဖွယ်ရာ တစ္ဆေယာဉ်များ

သရဲခြောက်တယ်ကြားရင် လူတွေမျက်စိထဲ အရင်ပြေးမြင်တာက သရဲကပ်နေတယ်ဆိုတဲ့ အရုပ်တွေနဲ့  သရဲခြောက်တယ်ဆိုတဲ့ သရဲအိမ်တွေလောက်ပါပဲ။ သရဲခြောက်တဲ့ယာဉ်ဆိုတာတော့ ရှိမှန်းသိပေမယ့် များသောအားဖြင့် စိတ်ထဲမပေါ်မိတာများပါတယ်။ ဒါပေမယ့် ကားတွေ၊ ရထားတွေနဲ့ အခြား ခရီးသွားနိုင်တဲ့ ယာဉ်တွေအကုန်လုံးမှာ အံ့သြစရာကောင်းလောက်အောင် တစ္တေတွေပူးကပ်နေနိုင်ပါတယ်။ အရမ်းဆိုးဝါးတဲ့ အချို့ယာဉ်တွေဆိုရင် ယာဉ်ထဲ လိုက်ပါစီးနင်းလာတဲ့ သူတွေကိုတောင် အန္တရာယ်ပြုတာမျိုးတွေအထိ ရှိနိုင်ပါတယ်။

အေဗရာဟမ်လင်ကွန်းရဲ့ သရဲရထား

(၁၈၆၅)ခုနှစ် ဧပြီလ(၂၁)ရက်နေ့မှာ လုပ်ကြံခံရတဲ့ သမ္မတအေဗရာဟမ်လင်ကွန်းရဲ့ ရုပ်အလောင်းနဲ့ သားဖြစ်သူ ၀ီလီတို့ရဲ့ ရုပ်အလောင်းတွေကို အသုဘရထားတစ်စင်းပေါ်တင်ပြီး ၀ါရှင်တန်ကနေ အီလီနွိုက်ကို (၁၃)ရက်ကြာမောင်းနှင်လာခဲ့ပါတယ်။ အဆိုပါအသုဘရထားကို “The Lincoln Special” လို့ခေါ်ကြပါတယ်။ လူတွေပြောကြတာက နှစ်စဉ် ဧပြီလရောက်တိုင်းမှာ လူတွေဟာ ရထားသံလမ်းတစ်လျှောက်လာနေတဲ့ လင်ကွန်းရဲ့ တစ္ဆေရထားကို မြင်ကြရကြောင်း ပြောပြပါတယ်။ တချို့ကလည်း ရထားဟာ အသံမပေးပဲဖြတ်မောင်းသွားပြီး တချို့ကတော့ တစ္ဆေရထားနီးကပ်လာတဲ့အခါ ၀မ်းနည်းဖွယ်တေးဂီတသံတွေနဲ့ လေချွန်သံတွေကိုပါ ကြားရကြောင်း ပြောပြကြပါတယ်။

ကိတ်ပ်တောင်းက ခုန်နေတဲ့ကား

toptenz.net

(၂၀၀၄)ခုနှစ်တုန်းက တောင်အာဖရိကမှာ Renault Megane ကားတစ်စီးဟာ ကားမီးတွေပွင့်ပြီး ကားထဲမှာလည်း တစ်ဦးတစ်ယောက်မှမရှိပဲ ခုန်နေခဲ့ပါတယ်။ မျက်မြင်သက်သေတွေကတော့ ကားဟ နှစ်ကြိမ်တိုင်တိုင်ခုန်ခဲ့ပြီးနောက် တောင်ကုန်းပေါ်တက်ပြီး ထိုးရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ထူးခြားတာက ကားထဲမှာ စက်နှိုးတဲ့သော့မရှိတဲ့အပြင် ဘရိတ်က ပါကင်ထိုးထားတဲ့ အနေအထားနဲ့ရှိနေတာပါ။

READ
မီးဖိုချောင်ထဲက အိုးခွက်သံတွေကြောင့် ညသန်းခေါင်ကြီးမှာ လန့်နိုးခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

ကားကုမ္ပဏီကဖြေရှင်းထားတာကတော့ သံချေးတက်နေတဲ့ ၀ါယာကြိုးကြောင့် ကားမီးတွေ အဖွင့်အပိတ်ဖြစ်နိုင်ပေမယ့် အင်ဂျင်နိုးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ ဖြေရှင်းချက်မပေးတတ်ကြောင်း ဆိုခဲ့ပါတယ်။ ကားဟာ ထူးဆန်းအံ့သြဖွယ်ရာ တစ်စုံတစ်ယောက်က ခြေနင်းခုံပေါ်မှာ ခြေထောက်တင်ထားသလိုမျိုး အင်ဂျင်နိုးနေခဲ့တာဖြစ်ပါတယ်။

လန္ဒန္က တေစ ၦကား

toptenz.net

(၁၉၃၀)ခုနှစ်ကနေ (၁၉၉၀)ခုနှစ်အတွင်းက လန်ဒန်မြို့ထဲကို ညတိုင်း(၁း၁၅)အချိန်ကြီးမှာ လမ်းလယ်ခေါင်ကနေ အရှိန်တင်ပြီး မောင်းလာတဲ့ဘတ်စ်ကားတစ်စီးကို တွေ့ကြရကြောင်း လူပေါင်းများစွာက ဆိုပါတယ်။ ဘတ်စ်ကားဟာ အနီရောင်နှစ်ထပ်ကားတစ်စီးဖြစ်ပြီး အရှိန်နဲ့မောင်းလာတာကြောင့် လမ်းမှာရှိနေတဲ့ ကားတွေဟာ အလျင်အမြန် လမ်းဖယ်ပေးခဲ့ရကြောင်းနဲ့ အချို့ကားတွေဆိုရင် အချင်းချင်း တိုက်မိကုန်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ကားဟာ ကားမီးတွေဖွင့်ထားပေမယ့် ကားထဲမှာ ယာဉ်မောင်းရော၊ ခရီးသည်ပါ တစ်ယောက်မှမရှိပါဘူး။ ရဲတွေအနေနဲ့ တစ္ဆေဘတ်စ်ကားနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာခဲ့ပေမယ့် သတင်းအစအန လုံးဝမရခဲ့ပါဘူး။ ဒီထက်ပိုပြီး ခြောက်ခြားစရာကောင်းတာက ဘတ်စ်ကားဟာ အချိန်မှန်၊ နေရာမှန် အမြဲလာတတ်ပါတယ်။ ဒါပေမယ့် အရှိန်နဲ့လာတဲ့ ဘတ်စ်ကားကို ကားမောင်းသူတွေက မြင်လို့ လမ်းဖယ်ပြီး နောက်ကိုလှည့်ကြည့်တဲ့အခါမှာတော့ ကားဟာ လေထဲမှာပဲ ပျောက်သွားကြောင်း ကြက်သီးထဖွယ်ရာ သိရပါတယ်။

READ
သရဲကား ကြိုက်သူတွေက အကြမ်းဆုံးလို့ ပြောနေကြတဲ့ The Nun ရဲ့ Trailer

ကနေဒီရဲ့ ဇိမ်ခံကား

toptenz.net

အမေရိကန်နိုင်ငံ သမ္မတဂျွန်အက်ဖ်ကနေဒီဟာ (၁၉၆၁)ခုနှစ်ထုတ် လင်ကွန်း 74A နေဗီပြာရောင် ဇိမ်ခံကား SS-100-X ကိုစီးနင်းခဲ့ပါတယ်။ ကားဟာ ပေါင်(၂)သိန်းတန် ပြုပြင်မှုတွေ လုပ်ထားပေမယ့် ကျည်ဆံမဖောက်ဝင်နိုင်အောင်လို့တော့ မလုပ်ထားနိုင်ခဲ့ပါဘူး။ ကနေဒီဟာ (၁၉၆၃) ခုနှစ် နိုဝင်ဘာလ(၂၂) ရက်နေ့မှာပဲ အဲဒီကားပေါ်မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

(၁၉၇၈)ခုနှစ်မှာတော့ အဆိုပါကားကို မီရှီဂန်က ဟင်နရီဖို့ဒ်ပြတိုက်ဆီကို ပို့ဆောင်ခဲ့ပါတယ်။ ကားရဲ့ ကြေကွဲဖွယ်သမိုင်းမှတ်တမ်းအပြင် နောက်ထပ်ထူးခြားချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ မီးခိုးရောင်ဝတ်စုံဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ကားနားမှာတော့ မတ်တပ်ရပ်နေတာကို တွေ့ကြရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ဆိုပါတယ်။ လူအများစုကတော့ ကားဘေးမှာရပ်နေတဲ့ ပုဂ္ဂိုလ်ဟာ သမ္မတကနေဒီလို့ ယုံကြည်ထားကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: toptenz

SHARE