ကျားဖောင်အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်

facebook.nyominlwin/thihakyawthu

ဒါရိုက်တာ ညိုမင်းလွင်ကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မြမြ” ရုပ်ရှင်ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုတွေကို ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်နေတဲ့ အကြောင်းအရာတစ်ခုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည် အသက်သွင်းတော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပါတယ်။

facebook.nyominlwin
facebook.aungchanlu

ညိုမင်းလွင်ကတော့ ၃က ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အောင်ချမ်းလူနဲ့အတူတွဲဖက်ပြီး “ကျားဖောင်” ကို ရုပ်ရှင်ကားအဖြစ် ပြန်လည်ရိုက်ကူးတော့မယ့်အကြောင်းကို သူ့ရဲ့ ဖေစ်ဘုတ်ကနေ တစ်ဆင့် အသိပေးလိုက်တာဖြစ်ပါတယ်။ ညိုမင်းလွင်ကတော့ “ကျားဖောင်” ဇာတ်ကားကို စီစဉ်ထုတ်လုပ်သူတစ်ယောက်အနေနဲ့ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာ အောင်ရေချမ်းကတော့ ရုပ်ရှင်တစ်ကားလုံးကို ဖန်တီးပုံဖော်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

facebook.nyominlwin
facebook.nyominlwin

ဒီရုပ်ရှင်ကားကို ဘယ်အချိန်စတင်ပြီး ရိုက်ကူးမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောသေးပေမဲ့ အနုပညာရှင်တော်တော်များများကတော့ “ကျားဖောင်” ရုပ်ရှင်ကားကို အားပေးတဲ့အကြောင်း ကွန်းမန့်တွေ ရေးသားခဲ့ကြပါတယ်။

READ
ညှို့ဓါတ်ပြင်းတဲ့ ကိုရီးယားအမျိုးသမီး Idol များ
facebook.nyominlwin

Source: Nyo Min Lwin. Aung Chan Lu

SHARE