မြမြ အကြောင်း ရုပ်ရှင်ရိုက်မယ်လို့ ပြောလိုက်တဲ့ ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်ကတော့ လက်တလောလူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှု မြင့်တတ်နေတဲ့ မြမြ ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ်လို့ ဧပြီ (၂၄)ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က တစ်ဆင့် ပြောလိုက် ပါတယ်။မြမြကိစ္စကတော့ တောင်ဒဂုံ လိုင်စင်ရုံးနားမှာဖြစ်သွားခဲ့တာပါ။နှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။မိန်း ကေ လး တစ်ယောက်ကို မြမြဆိုတဲ့ သရဲဝင်ပူးခဲ့တာပါ။သူမဟာ အသတ်ခံခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့ အကြောင်းကို အမှု မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။

 

အသတ်ခံရသူကောင်မလေးက ဧရာဝတီတိုင်း ငသိုင်းချောင်းက လို့ ပြောခဲ့ပြီး သူမအသတ်ခံရတဲ့ အကြောင်းနဲ့ နေရာ ကို ပြန်ပြောခဲ့ပါတယ်။မြမြကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ ကလည်း ဒါဟာ မှန်တယ်၊တစ်ချို့ကလည်း လုပ်ကြံ ဖန်တီးတာ ဆိုပြီး စကားကွဲလွဲနေတာတွေလည်း ရှိနေပါတယ်။တစ်ချို့သတင်းဝက်ဘ်ဆိုက်တွေမှာဆိုရင် ၀ိဥာဉ်ပူးကပ် ပြော ခဲ့သလို အမှုမျိုးမဖြစ်ခဲ့ဘူးလို့ ရဲစခန်းဘက်ကနေ အတည်ပြုပြောဆိုတယ်ဆိုပြီး သတင်းတွေ တင်ထားတာတာတွေ လည်း တွေ့နေရပါတယ်။

READ
အပြန်အလှန်အပြစ်ဖို့ခဲ့ကြတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ ချီးအရှုပ်တော်ပုံ

ဇာတ်လမ်းကောင်းတွေ ဖန်တီးခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်ကတော့ မြမြရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ စိတ်ဝင်စား နေတဲ့ အကြောင်း သူ့ရဲ့ အကောင့်မှာ အခုလို ပြောထားပါတယ်။

“Facebook ပေါ်က ရေပန်းစားသောကိစ္စများကို
ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင်ကြေငြာပါသည်၊

ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်………” ဆိုပြီး တင်ခဲ့ပါတယ်။ဒါရိုက်တာ ညိုမင်းလွင် က တကယ်ပဲ မြမြရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်၊မရိုက်ဆိုတာကတော့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့် ကြည့် နေကြပါ တယ်။

Source Nyo Min Lwin

SHARE