မိဘစွန့်ပစ်တာခံရပြီးလမ်းမှာ လျှောက်သွားနေတဲ့ ကလေးငယ်ကိုဖခင်မေတ္တာပေးခဲ့တဲ့ရဲသားကြီး

ဂျော်ဂျီယာမှ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဂျိမ်းမ်စ်ဟာ့စ်ရဲ့ မိဘမဲ့လမ်းပျော်ကလေးငယ်တစ်ဦးကို ဖက်ထားတဲ့ဓာတ်ပုံဟာ အွန်လိုင်းမှာ ပြန့်နှံ့လျက်ရှိပါတယ်။ လမ်းလျှောက်တတ်ခါစ အရွယ်ကလေးလေးကို လူသားချင်းစာနာစိတ်နဲ့ ကြင်နာစွာဖက်ထားတဲ့ ဂျိမ်းစ်ရဲ့ဓာတ်ပုံကို လူတွေက မြင်တွေ့ပြီး ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ရဲအရာရှိကြီးဟာ့စ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ (၁၆)လသားအရွယ် ကောင်လေးတစ်ယောက် လမ်းပေါ်မှာခြေဦးတည့်ရာ လျှောက်သွားနေတယ်ဆိုတဲ့ သတင်းကြောင့် ဆာဗနာမြို့ ကူလာဘရောင်းစ်ဗီးလ်ရပ်ကွက်ကို ရောက်ရှိခဲ့ကြပါတယ်။ ရပ်ကွက်နေသူတွေက ကလေးငယ်ဟာ ရပ်ကွက်ထဲ ဘယ်လိုရောက်လာသလဲ မသိရတဲ့အပြင် ကလေးငယ်လေးရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတာကြောင့် ရဲကိုအကြောင်းကြားခဲ့ကြတာပါ။

ဒါကြောင့် ဟာ့စ်နဲ့အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ ကလေးငယ်လေးကို မနက်(၁၀)နာရီလောက်မှာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး အရေးပေါ်ဌာနဆီ ဆေးစစ်ဖို့ပို့ ဆောင်ပေးခဲ့ပါတယ်။ ကလေးငယ်လေးဟာ ကြည့်ရတာဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်နေဟန်တူပါတယ်။ ကလေးရဲ့ စိတ်အားငယ်နေတဲ့ ပုံကိုမြင်ပြီး ရဲအရာရှိကြီးဟာ့စ်က ကလေးငယ်ကို သနားပြီး ဖက်ထားခဲ့ပါတယ်။ ကလေးကို ငြိမ်အောင်ချော့မော့ပြီး အားရှိအောင် ဟာ့စ်ဟာနွေးနွေးထွေးထွေးနဲ့ ပွေ့ဖက်ထားပေးခဲ့တာဖြစ်ပါတယ်။

READ
ဆင်ပေါက်လေးအိပ်ချိန်မှာ သူမရဲ့ မေတ္တာတရားကို ပြသခဲ့တဲ့ ဆင်မကြီးရဲ့ အပြုအမူ

ဟာ့စ်ဟာ ကလေးနှစ်ယောက်ဖခင်ဖြစ်ပြီး ကလေးတစ်ယောက်က ဒေါင်းရောဂါဝေဒနာသည်လေးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ဖခင်တစ်ယောက်ဖြစ်တာကြောင့် ဟာ့စ်ဟာကလေးငယ်ကို သားသမီးလို ဆက်ဆံပေးခဲ့တာပါ။ ဟာ့စ်ရဲ့ရင်ငွေ့နဲ့ ကလေးလေးဟာ မြန်မြန်ဆန်ဆန်နဲ့ပဲ ဟာ့စ်ရဲ့ ရင်ဘတ်ပေါ်မှာ အိပ်မောကျသွားခဲ့ပါတယ်။ ရဲအရာရှိကြီးဟာ့စ်ဟာ တကယ်တော့ ကလေးကို သနားပြီး သူလုပ်သင့် လုပ်ထိုက်တာကို လုပ်သွားခဲ့တာပါ။ ဒါပေမယ့် ဟာ့စ်ရဲ့လူသားဆန်ပြီး နွေးထွေးတဲ့ အပြုအမူလေးကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံဟာ လူတွေကြားထဲကို ချက်ခြင်းဆိုသလိုပဲ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ကလေးလေးဟာ လုံခြုံလျက်ရှိနေပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်းသိရပါတယ်။ မိဘမဲ့ဖြစ်နေတဲ့ ကလေးငယ်လေးကို တာဝန်ယူပေးမယ့် မွေးစားမိဘတွေနဲ့ မကြာခင်မှာပဲ ဆုံတွေ့နိုင်လိမ့်မယ်လို့ တော့မျှော်လင့်ရပါတယ်။ ရဲအရာရှိကြီးဟာ့စ်ကတော့ မမျှော်လင့်ပဲ သူ့အကြောင်းကို လူသိများခဲ့ပေမယ့် ထူးထူးခြားခြား သူလုပ်ဆောင်ခဲ့တာဘာမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ရဲအရာရှိတွေ အနေနဲ့ နေ့စဉ်နေ့တိုင်း အခုလို ကောင်းမှုလေးတွေကို ပြုလုပ်ပေးဖို့နဲ့ သူ့ဓာတ်ပုံလေးကြောင့် အပြုသဘောဆောင်တဲ့ စိတ်ထားကောင်းလေးတွေ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

READ
ငါးမျှားရင်း ရေထဲက တွေ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကြောင့် အံ့သြစရာ ကြုံခဲ့ရတဲ့အဖြစ်

လင်းလင်း (ShweMom)

Ref: happiest

SHARE