ခန္ဓာကိုယ်ထဲက အဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အသီးများ

Image:freepik.com/nakaridorefreepik.com/brgfx/dashu83

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုယ်တွင်း အင်္ဂါတွေ ကို သန့်စင်ပေးနိုင်ပြီး ကောင်းကျိုး ဖြစ် စေနိုင်တဲ့ အသီးတွေ၊စားသောက်ဖွယ်ရာ တွေ ရှိပါတယ်။ဒီအ ကြောင်းကို တော့ Brightside မှာ ဖော်ပြထားတာပါ။

ရှောက်ခါးသီး

Image:freepik.com/racool-studio

ရှောက်ခါးသီးမှာတော့ nootkatone ဆိုတဲ့ chemical compound တွေ ပါရှိပါတယ်။သူက တော့ metabolism ကို မြှင့်တင် ပေးသလို ၀ိတ်ကျ အောင် အထောက် အကူ ပေးနိုင်ပါတယ်။အမျှင်ဓါတ် တွေ အများကြီး ပါရှိကာ သွေးတွင်း သကြားဓါတ် ကို ထိန်းညှိ ပေးနိုင်ပါတယ်။တစ်ပတ် ကို ရှောက် ခါး သီး တစ်ခြမ်း လောက် စားပေးမယ် ဆိုရင် တော့ ဗီတာမင် အေနဲ့ စီ ကို ပြည့်ပြည့် ၀၀ ရရှိ စေမှာပါ။

သခွားသီး

Image:freepik.com/xamtiw

ခံတွင်းနံ့ ဆိုးတာတွေ အတွက် ကောင်းပါတယ်။အခုလို Mask တပ်သွားလာ နေချိန် ဆို ကိုယ့်ခံတွင်း နံ့က ကိုယ်ပဲ ပြန်ရှု နေရတာပါ။ခံတွင်း နံ့ မကောင်း တဲ့ သူတွေ အတွက် တော့ သခွားသီးက အကောင်းဆုံးကုသ နည်းပါ။ခံတွင်း ခြောက် တာ တွေ အတွက်သလို ခံတွင်း ထဲက စားကြွင်းစားကျန်တွေကို ပါ ဖယ်ရှား ပေးနိုင်ပါတယ်။ခံတွင်းက ရေဓါတ် ပြည့် နေ အောင် တံထွေး ထုတ်တာ များေ အာင် ကူညီ ပေးနိုင်ပါတယ်။သ ခွားသီး ကို လှီးပြီး ရလာတဲ့ အစိတ်အပိုင်းကိုတော့ လျှာနဲ့  အာခေါင်ကြားမှာ ခဏ ညှပ် ထားလိုက်ခြင်းဖြင့်အနံ့ ဆိုးတွေ ကို သက်သာ စေပါတယ်။သခွားသီး ကို စားပေးရင်လည်း အပေါ် မှာ ပြောခဲ့သလို ပဲ သွားကြား နဲ့ သွားဖုံးမှာ ကပ် နေတဲ့ စားကြွင်း စားကျန် တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

နာနတ်သီး

Image:freepik.com/nakaridore

နာနတ်သီးက တော့ ကိုလက်စထရော ကို ကျ စေပါတယ်။အဆီတွေကို လောင်ကျွမ်း ပေးနိုင်တဲ့ Bromelain လို့ ခေါ် တဲ့ အင်ဇိုင်း ပါ ရှိပါတယ်။ ပရို တင်းတွေကို ဖြိုခွင်းတဲ့ နေရာ အစာချေဖျက် တဲ့ နေရာေ တွ မှာ အဲ့ဒီ အင်ဇိုင်းက ကူညီ ပေးပါတယ်။နာနာတ် သီးက တော့ ကိုလက် စထ ရော ကို ဖြို ခွင်းပြီး ကိုယ်ခန္ဓာကနေ ဖယ်ထုတ် ပေးနိုင်ပါတယ်။သွေးခဲ တာ တွေ ကိုလည်း ဖြို ခွင်း ပေးနိုင်ပါတယ်။နာနတ် သီးကို တော့ သဘာဝ အတိုင်း လတ်လတ် ဆတ် ဆတ် စားတာ အကောင်းဆုံးပါ။သံဗူးတွေ ထဲမှာ တာရှည် ခံအောင် လုပ်ထားတဲ့ နာနတ် သီး မျိုး တွေ မစားပဲ တကယ့် အသီးစစ်စစ်ကို တော့ စားပေးဖို့ လိုပါတယ်။

READ
ဝက်ခြံတွေ အရှင်းပျောက်သွားစေမယ့် မျက်နှာ ရေနွေးငွေ့ပေါင်းခံနည်း

ဂေါ်ဖီထုပ်ချဉ်

Image:freepik.com/timolina

အဆိပ် အတောက်တွေကို ဖယ်ရှားပြီးအသားအရေ ကြည်လင် လှပ စေပါတယ်။ဂေါ်ဖီထုပ်ချဉ်က တော့ အစာချေ စနစ်ကို ကောင်းစေပါတယ်။သူ့ မှာ ဆိုရင် တော့ Probiotics လို့ ခေါ် တဲ့ ခန္ဓာကိုယ် အတွက် ကောင်းတဲ့ ဗက်တီးရီးယားနဲ့ မှို ကို ဆိုလိုတာပါ။ဒါ့အပြင် အမျှင် ဓါတ် ပါ ပေါ ကြွယ် ၀ စွာ ပါဝင်တာမို့  စားသုံးမယ်ဆိုရင် အသားအရေ ဖော ပွတာ၊ညစ်နွမ်း နေတာ မျိုးတွေကို ကာကွယ် ပျောက် ကင်း စေပါတယ်။ဝက် ခြံ သမား တွေ ဆိုရင် စားသုံးပေးသင့်ပါတယ်။ဂေါ်ဖီထုပ် ချဉ်က တော့ ဗီတာနင်နဲ့ သတ္တုဓါတ် တွေကို ခန္ဓာကိုယ်က ပိုပြီး စုပ်ယူ နိုင် အောင် ကူညီ ပေးနိုင် ပါတယ်။ဒါကြောင့် စွမ်းအင်တွေကို လည်း ပိုမို ရရှိစေနိုင်မှာပါ။

ထောပတ်သီး

Image:freepik.com/dashu83

အသည်းက အဆိပ် အတောက် Chemical တွေကို ဖယ်ရှားပေးနိုင် ပါတယ်။ထောပတ်သီးက တော့ ကိုလက်စထရောကို လျော့ ကျ စေနိုင်သလို  အဆိပ် အတောက် ကြောင့် ပိတ်လာ၊ကျဉ်းလာတဲ့ သွေးကြော လေးတွေ ကို ကျယ်လာ စေပါတယ်။ထောပတ်သီးမှာဆိုရင် တော့ Glutathione လို့ ခေါ်တဲ့ antioxidant ပါ ရှိပါတယ်။အသည်းက နေ အဆိပ် အတောက် ဖြစ် စေတဲ့ အရာ တွေကို ဖယ်ရှား ပေးနေစဉ်မှာ  ထောပတ်သီး မှာ ပါ တဲ့ Glutathione က  ကင်ဆာဖြစ် စေနိုင်တဲ့ ကာစီနိုဂျင်(carcinogens) အမျိုးသုံးဆယ် ထက် မနည်းကို ပိတ်ဆို့ တားဆီး ပေးနိုင်ပါတယ်။သွေးတိုး သမားတွေ အတွက် လည်း ကောင်း ပါတယ်။နှလုံး နဲ့ လေဖြတ် ရောဂါ အတွက် လည်း ထောပတ် သီးက ကောင်းကျိုး ဖြစ်စေပါတယ်။

READ
ရည်းစားဟောင်းကို အိပ်မက်,မက်တဲ့အကြောင်း အွန်လိုင်းပေါ်တွင် ရှာဖွေမှု အများဆုံး ဖြစ်နေ

တရုတ်ဆီးသီးနဲ့ တရုတ်ဆီးသီးခြောက်

Image:freepik.com/8photo

တရုတ်ဆီးသီး ရိုးရိုးနဲ့ အခြောက်ခံထားတဲ့ ဆီးသီးခြောက် တွေ က တော့ ၀မ်းချုပ်တာတွေ အတွက် ကောင်းစေပါတယ်။ဝမ်းသွား စေတဲ့ သဘာဝ အစွမ်း သတ္တိ ပါ ရှိပါတယ်။လတ်ဆတ်တဲ့ တရုတ်ဆီးသီး ဆိုရင် တော့ အမျှင်ဓါတ် လည်း ပေါကြွယ်ဝ စွာ ပိုမို ပါဝင် တာမို့ ပိုပြီး တော့ အကျိုး ရှိ စေပါတယ်။သူ့မှာ anti-oxidant တွေ ပါ ၀င်တာ ကြောင့် သဘာဝ သန့်စင် ဆေး တစ်မျိုး လို ရော မျက်လုံး ကျန်းမာရေး အတွက်ပါ ပို ကောင်း စေပါတယ်။

Spirulina (စိမ်းပြာ ရေညှိ)

Image:.freepik.com/eva058929

အနံ့ အသက် တွေ အတွက် ကောင်းစေပါတယ်။သူ့မှာတော့ သွေးထဲက အဆိပ် အတောက် တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။စိမ်း ပြာ ရေညှိ မှာ တော့ ကိုယ်ခန္ဓာရဲ့ အနံ့ အသက် ဆိုးတွေ ကို ပါ ပ ပျောက်အောင် ကူညီ ပေးနိုင်ပါတယ်။ Chlorophyll လို့ ခေါ် တဲ့ အပင် တွေ မှာ တွေ့ရတဲ့ စိမ်းရောင်ခြည်က တော့ ကိုယ်တွင်း အနံ့ ပျောက် စေတဲ့ အရာ တစ်ခု လို့ ပြောလို့ ရပါတယ်။ကိုယ်နံ့ ဆိုးတာ တွေကို ပျောက် ကင်း စေနိုင်ပါတယ်။

#SHWEMOM

SHARE