၂၀၁၇ပထမ၃လအတွင်းကမ္ဘာတစ်ဝှမ်းရောင်းအား အကောင်းဆုံး Android ဖုန်းအမျိုးအစား

သင့်ကို တစ်ယောက်ယောက်က ၂၀၁၇ ပထမ သုံးလပါတ်အတွင်း (ဇန်န၀ါရီ၊ဖေဖော်ဝါရီ၊မတ်)ကမ္ဘာတစ်ဝှမ်း ရောင်းအားအကောင်းဆုံး Android ဖုန်းအမျိုးအစားက ဘာလဲဆိုတာကို မေးလာရင် သင်ဘယ်ဖုန်းလို့ ဖြေဆိုမိမယ်လို့ ထင်ပါသလဲ။သေချာတာကတော့ Samsung လို့ဖြေဆိုမှာပါ။ဒါပေမဲ့ တကယ်တမ်း ၂၀၁၇ ပထမ သုံးလပါတ်အတွင်းမှာ ရောင်းအားအကောင်းဆုံး Android ဖုန်းက Samsung မဟုတ်ဘဲ Oppo R9s Android ဖုန်းက ရပ်တည်နေတာဖြစ်ပါတယ်။ဒီလေ့လာချက်ကို Strategy Analytics မှ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

Android ဖုန်းလောကမှာ ဆရာတစ်ဆူအဖြစ်ရပ်တည်နေတဲ့ Samsung ကို ကျော်လွန်ပြီး Oppo ရဲ့ R9 ဖုန်းက ရပ်တည်နေတာဟာ အံ့ဩဖို့ကောင်းနေပါတယ်။ဒါအပြင် Oppo R9s ဟာ လက်ရှိမှာ ဈေးကွက်အနည်းငယ်မှာသာ ရောင်းချရသေးတာ ဖြစ်ပြီး ၂၀၁၇ ပထမ ၃ လအတွင်းမှာပဲ ဖုန်းအလုံးပေါင်း ၈.၉ သန်းရောင်းချနိုင်ခဲ့တာက ပိုအံ့ဩဖို့ကောင်းနေပါတယ်။ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်းရဆုံး စမတ်ဖုန်း ဈေးကွက်မှာတော့ Apple ရဲ့ Iphone 7 ကရပ်တည်နေပြီး ဒုတိယနေရာမှာတော့ Iphone 7+ ကရပ်တည်နေတာဖြစ်ပါတယ်။(စမတ်ဖုန်း = IOS,Android)၂၀၁၇ ခုနှစ် ပထမ ၃ လပါတ်အတွင်းမှာပဲ တစ်ကမ္ဘာလုံးမှာ Smart ဖုန်း အလုံးပေါင်း ၃၅၃.၃ သန်း ရောင်းချထားနိုင်ခဲ့ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ Apple ကတော့  Iphone 7  နဲ့ Iphone 7+ နှစ်မျိုးပေါင်း ၃၉ သန်းခန့်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

READ
Samsung Galaxy S7 Edge နဲ့ iPhone 6S Plusကို Coca Colaစိမ်ပြီးစမ်းသပ်ခြင်း

Oppo Android ဖုန်းဟာ Android ဖုန်းလောကရဲ့ ဆရာတစ်ဆူကြီးဖြစ်တဲ့  Samsung ကို ကျော်လွန်ပြီး ရောင်းအားအကောင်းဆုံး Android ဖုန်းနေရာမှာရပ်တည်နေရတဲ့  အကြောင်းရင်းကတော့  Oppo ဟာ ကမ္ဘာအကြီးဆုံး ဈေးကွက် ၂ ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ မှာ လူသိများနေတဲ့ Brand တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ ဥရောပနဲ့ အမေရိက တိုက်တွေမှာတော့ Oppo ဖုန်းရဲ့ လူသိများမှုဟာ Samsung ကို ကျော်လွန်နိုင်ခြင်းမရှိသေးပါဘူး။

Oppo R9s Android ဖုန်းရဲ့ Specification တွေကတော့ Qualcomm Snapdragon 625 processor အသုံးပြုထားပြီး 4 GB RAM နဲ့ Storage ကတော့ 64 Gbs ဖြစ်ပါတယ်။ဘတ်ထရီကတော့ 3,010 mAh ဖြစ်ပြီး 16 megapixel camera ပါဝင်ထားပါတယ်။

READ
အိမ်ထဲက လေထုကို သန့်စင်ပေးမယ့် အပင်တစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်

Iphone 7 ကလက်ရှိမှာ ၂၁.၅ သန်းရောင်းချထားပြီး  Iphone 7+ ကတော့ ၁၇.၄ သန်းရောင်းချထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ရောင်းအားအကောင်းဆုံး စမတ်ဖုန်းထဲမှာတော့ Samsung ရဲ့ Android ဖုန်းအမျိုးအစား  Galaxy J3 (2016) က ၆.၁ သန်း နဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပြီး  J5 (2016) ကတော့ အလုံးပေါင်း ၅ သန်းရောင်းချထားကာ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : Gsmarena/XDA developer

SHARE