နောက်နှစ်ပေါင်း ၁၀၀အကြာလောက်မှာ ကမ္ဘာမှာ အဖွံ့ဖြိုးဆုံး အခြေအနေတစ်ခုကိုရောက်လာနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ မြေအောက်နဲ့ ရေအောက်မှာ နေထိုင်နိုင်ဖို့ နည်းပညာတွေကို ရှာဖွေတွေ့ရှိပြီးဖြစ်ပါ
တယ်။
အခုဖော်ပြပေးမယ့်ပုံတွေဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲက ပုံတွေနဲ့ တူကောင်းတူနိုင်ပေမယ့် ဒါဟာ
နောက်ထပ် နှစ်၁၀၀ အတွင်းမှာ ဖြစ်လာနိုင်တဲ့ ပုံတွေဖြစ်ပါတယ်။
Bubble Cityလို့ခေါ်တဲ့ ရေအောက်မြို့ကြီးမှာ တိုက်ခန်းပိုင်ရုံတင်မက 3Dအစားအသောက်တွေကိုစားပြီး
ကိုယ်ပိုင် Droneနဲ့ ခရီးသွားနေပါလိမ့်မယ်။ နောက်ထပ်စိတ်လှုပ်ရှာဖွယ်ကောင်းတဲ့ အချက်က ကျွန်တော်
တို့ ဘယ်လိုနေထိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်မှာနေထိုင်မယ်ဆိုတာတွေပါပဲ။ လနဲ့အင်္ဂါဂြိုဟ်တို့မှာ
လည်း နေနိုင်ဖို့ရှိပါတယ်။ အဲ့ဒိအချိန်လောက်ကျရင် သိပ္ပံပညာဟာ အရမ်းကို တိုးတက်နေပြီး အခြားဂြိုဟ်
တစ်ချို့ကိုလည်း သိမ်းပိုက်နယ်ချဲ့ပြီးဖြစ်နေလောက်ပါတယ်။
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတော်တော်များများဟာ လူဦးရေတွေ အဆမတန်ထူထပ်နေမှာကြောင့် သမုဒ္ဒရာ
တွေဟာ လူတွေနေထိုင်မယ့်နေရာ တွေဖြစ်လာမှာပါ။ တစ်မြို့လုံးကို ရေအောက်မှာ တွဲလောင်းချထားသလို
ပုံစံမျိုးဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ကျောင်းတွေ၊ အိမ်တွေ၊ ပန်းခြံတွေ ကိုလည်း ရေရဲ့စွမ်းအားကို
အသုံးချပြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Hydrogen လောင်စာကိုရရှိနို်င်မှာ ဖြစ်သလို အောက်စီဂျင်
ကိုလည်း အလုံအလောက်ရရှိနိုင်မှာ ဖြစ်ပါတယ်။
ခန့်မှန်းချက်တစ်ခုကတော့ လူတွေဟာ အပျင်းပြေ အားလပ်ရက်ကို ထိုင်းနိုင်ငံ၊ သြစတျေးလျနိုင်ငံတို့ကို
သွားတော့မှာ မဟုတ်ပဲ ကမ္ဘာမြေကြီးကို စွန့်ခွာပြီး လကမ္ဘာ၊ သို့မဟုတ် အင်္ဂါဂြိုဟ်ကို အလည်သွားကြလိမ့်
မယ်လို့ ဆိုပါတယ်။
ဒီSmart Things Future Living Report ကိုတော့ UKရဲ့ နာမည်ကြီး အာကာသသိပ္ပံပညာရှင် Dr Maggie
Adrian-Pocock ပါဝင်တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သူမဟာ Universtiy of WEstminster Arthur
Mamou-Mani and Toby Burgess ရဲ့ သင်တန်းပို့ချသူတစ်ဦးလည်းဖြစ်ပြီး အနာဂတ်ဗိသုကာဖန်တီးရှင်
ဆုလည်း ရရှိထားပါတယ်။
“ဒီနေ့ ကျွန်မတို့နေထိုင်နေတဲ့ပုံကို လွန်ခဲ့တဲ့ နှစ်တစ်ရာက လူသားတစ်ယောက်မြင်ရင် အရမ်းအံ့သြနေပါလိမ့်
မယ်။ အင်တာနက်ဆိုတဲ့အရာကြီး ပေါ်လာခဲ့ပြီး ကျွန်မတို့တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ပုံ၊ လေ့လာပုံ၊
ဘဝကို ထိန်းချုပ်ပုံစတဲ့အရာတွေကို အားလုံးပြောင်းလဲလိုက်ပါတယ်။ ဒီလိုပါပဲ နောက်ထပ် ရာစုနှစ်တစ်ခု
အကြာမှာလည်း အများကြီးပြောင်းလဲသွားနိုင်တယ်လို့ သူမက ဆိုပါတယ်။”
Myanmar Online Media
Source: mirror