ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Jeff Bezos ကို ပိုင်ဆိုင်မှုတွေ ဝေမျှပေးဖို့ ဆန္ဒပြခဲ့ကြသူများ

အမေရိကန် သတင်းစာကုမ္ပဏီ The Washington Post မှ ဝန်ထမ်း (၄၀၀)ကျော်ခန့်ဟာ လုပ်ငန်းခွင်အတွင်း ထိုက်သင့်စွာ ရပိုင်ခံစားခွင့်မရှိတဲ့ အခြေအနေတွေကြောင့် တစ်ကမ္ဘာလုံးသိအောင် ပိုင်ရှင် ဘီလျံနာ Jeff Bezos ကို တရားဝင် ဆန္ဒပြနေကြပြီ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်စာမှာ ပါဝင်တာကတော့ သူတို့ဟာ ကုမ္ပဏီရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို မျှဝေခံစားပိုင်ခွင့်ရှိပြီး ထိုက်သင့်တဲ့ လုပ်အားခ၊ ပင်စင်ခ၊ ခွင့်ရက်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုပ်ငန်း အာမခံချက်တို့ကို အလိုရှိကြောင်း ရေးသားထားပါတယ်။

E-commerce ကုမ္ပဏီ Amazon ရဲ့ ဥက္ကဌဖြစ်သူ Bezos ကတော့ ယခုလို ဆန္ဒပြနေခြင်းအပေါ် တုံ့ပြန်မှု တစ်စုံတစ်ရာတော့ မရှိသေးပါဘူး။ Bezos က သူ့ရဲ့ ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြီး နောက်တစ်နေ့မှာ Post Guild ကနေပြီး The Washington Post ရဲ့ ဝန်ထမ်းတွေ ဆန္ဒပြမှုကို တွစ်တာပေါ် တင်ခဲ့ရာမှ အခုကိစ္စကို ကမ္ဘာသိရွာသိ ဖြစ်ကုန်တာလည်း ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အသနားခံစာဟာ မနှစ်က စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အများစုက လုပ်ငန်းရဲ့ အောင်မြင်မှုကို ခွဲဝေမခံစားရတာကြောင့်လို့ ဆိုကြပါတယ်။

READ
ဒုတိယကမ္ဘာစစ်အတွင်းမှာ တီထွင်ခဲ့သည့် ကြွက်သေဗုံးကို ပေါင်(၁,၅၀၀)ဖြင့် ရောင်းချမည်
Dennis Van Tine/ABACAPRESS

မနှစ်က ဆန္ဒဖော်ထုတ်စာမှာ ပါရှိတာကတော့ သတင်းစာကုမ္ပဏီဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အွန်လိုင်း follower တွေလည်း တိုးလာပြီး ဝက်ဘက်ဆိုဒ်ကြည့်ရှုနှုန်းလည်း မြင့်လာခဲ့ကာ လုပ်ငန်းအောင်မြင်မှုလည်း တက်လာခဲ့ပေမယ့် ဝန်ထမ်းတွေဟာ ဘာခံစားခွင့်မှ မရခဲ့ကြောင်း ပါရှိပါတယ်။ ဝန်ထမ်းတစ်ဦးကတော့ သူဟာ လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်ခဲ့သူတွေ အားလုံးအတွက် ထိုက်သင့်တဲ့ လုပ်ခလစာ တိုးမြင့်မှုကို တောင်းဆိုနေတာဖြစ်ကြောင်း၊ လူမျိုးရေး မခွဲခြားဘဲ ဝန်ထမ်းတိုင်း တူညီတဲ့ ရပိုင်ခံစားခွင့်တွေ ရရှိအောင် တောင်းဆိုနေတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

Wapo Union

ဒါ့အပြင် လုပ်ငန်းမှာ ကြာရှည်စွာ လုပ်ကိုင်ပြီး ပင်စင်ယူသွားကြသူများအတွက် ပင်စင်ကြေးမှာလည်း နည်းပါးတဲ့အတွက် ဆန္ဒပြတဲ့ အချက်တွေထဲမှာ ပင်စင်ခအတွက်လည်း ပါဝင်နေပါတယ်။ အသနားခံစာရဲ့ အဆုံးမှာတော့ လုပ်ငန်းပိုင်ရှင် ဘီလျံနာ Bezos ကို လုပ်ငန်းအောင်မြင်မှုတွေ ဝန်ထမ်းတွေကို ဝေခွဲပေးဖို့ အကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။ “ကြွယ်ဝမှုကို ဖန်တီးနိုင်တယ်ဆိုတာထက် အဆိုပါ ကြွယ်ဝမှုကို ဝေမျှပေးနိုင်ကြောင်းပါ ကမ္ဘာကို ပြသပေးပါ” လို့ ပါရှိပါတယ်။

READ
ငါးမန်းစာမဖြစ်ခင် စက္ကန့်ပိုင်းအလိုပုံရိပ်လေး သားလေးရဲ့အလှဓာတ်ပုံထဲ ရိုက်မိခဲ့
Wapo Union

Jeff Bezos ကတော့ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး (၂၀၁၃)ခုနှစ်က The Washington Post သတင်းစာ ကုမ္ပဏီကို ဒေါ်လာ သန်း (၂၅၀)နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူ့လက်ထက်မှာ လုပ်ငန်းရဲ့ ဝန်ထမ်းတွေက ကုမ္ပဏီအောင်မြင်မှုကို နှစ်ဆခန့် တိုးပွားအောင် ကြိုးစားခဲ့ကြပေမယ့် ထိုက်သင့်တဲ့ ခံစားခွင့်တွေ မရတာကြောင့် အခုလို ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Wapo Union

ယခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာပေါ်မှာ တုံ့ပြန်ခြင်း ရှိထားပါသေးတယ်။ “The Washington Post မှ ဝန်ထမ်းတွေက လစာနည်းလို့ သပိတ်မှောက်နေကြတယ်ဆိုရင်လည်း ကြာကြာ သပိတ်မှောက်တာ ကောင်းပါတယ်။ သူတို့လည်း လစာတိုး၊ သတင်းမှားတွေလည်း လျော့တာပေါ့” ဆိုပြီးတော့ပါ။ ဆန္ဒပြမှုနဲ့ ပတ်သက်လို့ Bezos ဘက်က တုံ့ပြန်မှုကိုတော့ စောင့်ဆိုင်းလျက်ရှိကြပါတယ်။

Twitter

Ref: Dailymail UK, Deadline

SHARE