ရှုးရှုးရှဲရှဲ နဲ့ စားလို့ကောင်းတဲ့ ယိုးဒယားသဘောင်္သီးထောင်း လုပ်စားကြည့်ရအောင်

ယိုးဒယားသဘောင်္သီးထောင်းကို ရှုးရှုးရှဲရှဲ နဲ့ အိမ်မှာ လုပ်စားကြည့်ရအောင်နော်။

လိုအပ်တဲ့ပစ္စည်းများ 

  • ကြက်သွန်ဖြူ ( ၃ မွှာ)
  • ငရုတ်သီး တောင့် (၂-၃ တောင့်)
  • သကြား (စားပွဲတင်ဇွန်း ၂ ဇွန်း)
  • ငံပြာရည် (စားပွဲတင်ဇွန်း ၂ ဇွန်း)
  • ငပိ (လက်ဖက်ရည် ဇွန်း နှစ်ပုံမှာ တစ်ပုံ ၊ လိုသလောက်)
  • ပုဇွန်ခြောက် (လိုသလောက်)
  • သံပုရာသီး (လိုသလောက်)
  • သဘောင်္သီး အစိမ်း (တစ်လုံး (ဒါမှမဟုတ်) ခြစ်ပြီးသား ၀ယ်လို့ရပါတယ်)
  • ပဲတောင့်ရှည် (လိုသလောက်ပဲ)
  • မြေပဲဆန် (လိုသလောက်)
  • ခရမ်းချဉ်သီး ( လိုသလောက်)
  • သဘောင်္သီးထောင်းမယ့် ဆုံ

ပြုလုပ်ပုံ အဆင့်ဆင့်

  1. အရင်ဆုံး ဆုံထဲကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးစမ်းကို အရင်ထောင်းလိုက်ပါ။
  2. ပြီးရင်တော့ အဲ့ထဲကို သကြား၊ ငံပြာရည် ၊ ငပိ ၊ ပုဇွန်ခြောက် တို့ကို ကြေအောင် ထောင်းလိုက်ပါ။ သကြားကို ပျော်အောင်ထိထောင်းပါ။ ပုဇွန်ခြောက်ကိုပါ ညှပ်အောင်ထောင်းပါ။
  3. သံပုရာသီးကို ညှစ်ထည့်ပြီး ရောမွှေလိုက်ပါ။
  4. ပြီးရင် သဘောင်္သီးအစိမ်း ကိုပါထည့်ထောင်းလိုက်ပါ။ ထောင်းလိုက် အထက်အောက် မွှေလိုက် ၊ လုပ်ပေးပါ။ အရည်တွေ သဘောင်္သီးထဲဝင်အောင်ထောင်းပါ။
  5. ပြီးရင် ခရမ်းချဉ်သီးကို လှီးပြီး ထည့်ထောင်းပါ။
  6. အရသာကို မြည်းကြည့်ပြီး လိုတာကို ထပ်ထည့်လိုက်ပါ
  7. ပြီးရင် အရသာရှိလှတဲ့ သဘောင်္သီးထောင်းကို စားလို့ရပါပြီး
READ
ဆောင်းတွင်းမှာ အသားရေလှအောင် များများစားသင့်တဲ့ အသီးအနှံများ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE