ကိုယ်မွေးလာတဲ့ သားသမီးတွေကို နာမည်ပေးရမှာက မိဘတိုင်းရဲ့ တာဝန်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာတော့ များသောအားဖြင့် မိဘတော်တော်များများက နာမည်ကြီး ဗေဒင်ဆရာတွေ၊ ဘုန်းကြီးတွေဆီမှာ ကိုယ်မွေးလာတဲ့ သားသမီးရဲ့ နေ့နံကို တွက်ချက်ပြီး နာမည်ပေးလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတော်တော်များများကတော့ မိဘတွေရဲ့ နာမည်ပါအောင် သားသမီးရဲ့နာမည်ကို မှည့်ပေးလေ့ရှိပါတယ်။ အခုပြောချင်တဲ့ မိဘနှစ်ပါးကတော့ သူတို့အတွက် သူတို့ရဲ့ သားသမီးတွေကို တစ်ခြားလူတွေနဲ့ လုံးဝမတူအောင် မှည့်ပေးခဲ့ပါတယ်။ အဲဒါကတော့ သူတို့သားသမီး ၃ ယောက်စလုံးရဲ့ နာမည်နောက်မှာ Dot Com လို့ ထည့်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ နာမည်မျိုးကို မှည့်ပေးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဇနီးမောင်နှံကတော့ သူတို့အကြောင်းနဲ့ သူတို့ပါပဲ။ အကြောင်းကတော့ သူတို့ ၂ ဦးဟာ ၁၉၉၉ ခုနှစ်တုန်းက Alamak.com လို့ အမည်ရတဲ့ Chatting platform ကနေ တစ်ယောက်နဲ့တစ်ယောက် စသိခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ Online ကနေ စတွေ့ခဲ့ကြပြီး အပြင်မှာပါ ချစ်သူတွေဖြစ်ကာ နောက်ဆုံးမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး Online ဖူးစာကို အစွဲပြုပြီး မွေးလာတဲ့ ကလေး၃ ယောက်စလုံးရဲ့ နာမည်နောက်မှာ Dot Com(.com) လို့ နာမည်မှည့်ပေးခဲ့ကြပါတယ်။ သူတို့သားသမီး ၃ ယောက်ရဲ့ နာမည်ကတော့ Salsabila Shofwah Alamak Dot Com, Mustaghfirin Nazhmi Ramdhan Dot Com နဲ့ Daffa Fawwaz Robbani Dot Com တို့ပဲ ဖြစ်ပါတယ်။
@wakelotkangcopet88Balas @karinluluwill masih langka aku kan wek♬ original sound – kajirama88 – dotcom
“ငယ်ငယ်တုန်းကတော့ အဲဒီနာမည်ကြီးကို တော်တော်လေး ရှက်ပါတယ်။ ကျောင်းမှာဆို သူငယ်ချင်းတွေက ခဏခဏ နောက်ပြောင်ပြောဆိုပြီး ခေါ်ခဲ့ကြတာ။ အိမ်ကိုလည်း နာမည်ပြောင်းပေးဖို့ ခဏခဏ ပြောခဲ့ရတာ။ ဒါပေမယ့် အခု အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ဒီလိုမျိုး ကျွန်တော့်ရဲ့ နာမည်အနောက်မှာ ပါတဲ့ Dot Com ရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီးသိလာခဲ့ရပြီး အမေနဲ့ အဖေအတွက်လည်း ဂုဏ်ယူတတ်လာပါပြီ”လို့ သားအကြီးဖြစ်သူ Ramdhan Dot Com က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw