Myongji တက္ကသိုလ်ကနေ ဘွဲ့ရသွားတဲ့ Park Bo Gum

ချစ်စရာကောင်းတဲ့မျက်နှာ အပြုံးချိုချိုလေးတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရထားတဲ့ ကိုရီးယား မင်းသားချော ပတ်ဘိုဂန်တစ်ယောက် ဘွဲ့ရသွားပါပြီ။ (၄)နှစ်ကြာ ပညာသင်ကြားခဲ့ရတဲ့ သူ့ရဲ့ ကောလိပ်ကျောင်းသား ဘ၀ကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့တာပါ။ ဖေဖော်ဝါရီ (၂၁)ရက်နေ့တုန်းက Yongin မြို့က Myongji U တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်ပွဲကို ပတ်ဘိုဂန် တစ်ယောက်တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမတိုင်ခင်မှာ အပြုံးနဲ့ “ဒီနေရာထိ လာပေးတဲ့ အတွက် ကျေးဇူးပါ “လို့ ပြောခဲ့ပါသေးတယ်။ ဘွဲ့ယူရမယ့် အတွက် စိတ်လှုပ်ရှားနေကြောင်း၊ လေးနှစ်ကျော်ကြာကာလအတွင်း အများကြီး သင်ယူလေ့လာခဲ့ကြောင်း၊ အတန်းဖော်တွေ၊ စီနီယာ၊ ဂျူနီယာနဲ့ ပါမောက္ခတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။ Myongji တက္ကသိုလ်မှာ Musical Theatre မေဂျာနဲ့ (၂၀၁၄)တုန်းက တက်ရောက်ခဲ့တာပါ။ ကျောင်းမှာဆိုရင် ကြိုးစားတဲ့ကျောင်းသား တစ်ယောက်လို့ နာမည်ထွက်သူတစ်ယောက်ပါ။ အလုပ်တွေများနေပေမယ့်လည်း Graduation Performance မှာ ဂီတဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ ပါဝင်ပေးခဲ့ပါသေးတယ်။

READ
မထက်ရဲ့ နန်းဆန်တဲ့ အလှ

from soompi

SHARE