ဒူဘိုင်းတိရစ္ဆာန်ရုံရောက် မန်ယူသရဲနီများ၊ တိရစ္ဆာန်တွေကို ကြောက်တတ်တဲ့ လူကာကူ

မန်ယူအသင်းသားတွေဟာ ရာသီဝက်လေ့ကျင့်ခန်းကို UAE နိုင်ငံ ဒူးဘိုင်းမြို့မှာ သွားရောက်ပြုလုပ်ခဲ့ပြီး၊ ဒီခရီးစဉ်က အပြန်မှာ ပရီမီယားလိဂ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ စတုတ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒူဘိုင်းခရီးစဉ်မှာ အသင်းသားတွေဟာ တိရစ္ဆာန်ရုံကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

တိရစ္ဆာန်ရုံအတွင်းမှာ အချင်းချင်း စနောက်ပျော်ပါးခဲ့ကြပါသေးတယ်။ ပေါ့ဂ်ဘာနဲ့ အသင်းဖော် လင်ဂတ်တို့ကတော့ ကျားပေါက်ကလေးတွေကို နို့ဘူးလေးတွေနဲ့ နို့တိုက်ခဲ့ပေမယ့် အသင်းတိုက်စစ်မှု လူကာကူကတော့ တိရစ္ဆာန်တွေကို ကြောက်ရွံ့နေတာကို လင်ဂတ်ရဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။

လူကာကူရဲ့ ကြောက်ရွံ့ပြီး အော်တဲ့အသံကိုလည်း ကြားလိုက်ရပြီး၊ တိရစ္ဆာန်တွေနဲ့ ဝေးရာကို ရှောင်တိမ်းသွားတာကိုလည်း တွေ့ရပါတယ်။ အခြားအသင်းဖော်တွေကတော့ Meydan race course ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ အဆိုပါ ပွဲကလည်း အလွန်စည်ကားပြီး၊ လူပေါင်း (၆)သောင်းကျော် လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒူဘိုင်းကို မကြာခဏသွားရောက်ကာ လေ့ကျင့်ရေးလုပ်လေ့ရှိသလို၊ အားလပ်ရက်တော်တော်များများကိုလည်း သွားရောက်လည်ပတ်လေ့ရှိပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းဟာ ပရီးမီယားလိဂ်ဇယား နံပတ်(၂)နေရာမှာ ရပ်တည်နေပြီး၊ တတိယနေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။

READ
၂၀-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ မန်စီးတီးအသင်းနဲ့တော့ (၁၅)မှတ်ထိ ကွာဟနေပါတယ်။ မန်ယူအသင်း ကစားမယ့် ပွဲစဉ်တွေကတော့ ပရီမီယားလိဂ်ပွဲစဉ်တွေအဖြစ် စတုတ်(အိမ်)၊ ဘန်လေ(အဝေး) ယိုဗေးလ်တောင်း (FA cup အဝေး)၊ စပါး (အဝေး) တို့ဖြစ်ပါတယ်။

1
2

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE