In – N – Out Burger ဆိုတာ အမေရိကန်နိုင်ငံမှာ ထင်ရှားတဲ့ နာမည်ကြီး ဘာဂါဆိုင်တစ်ခု ဖြစ်ပါတယ်။ California ပြည်နယ်မှာ (၁၉၄၈) ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ In – N – Out Burger ဆိုင်ဟာ လက်ရှိအချိန်မှာတော့ ဆိုင်ခွဲပေါင်း(၃၀၀)ကျော် အမေရိကန်နိုင်ငံ တစ်ဝန်းမှာ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။
It’s official, traffic is double double animal style right now all around the mall. We are on hand helping manage the massive traffic response. Be patient and be kind. Maybe support another local eatery today and In-n-Out another day if traffic is too hectic for you. https://t.co/p2wlfhTvVM pic.twitter.com/e9QxnFaRdF
— Aurora Police Dept 🇺🇸 (@AuroraPD) November 20, 2020
ပြီးခဲ့တဲ့ (၂၀.၁၁.၂၀၂၀)ရက်နေ့တုန်းက Colorado ပြည်နယ် Aurora မြို့မှာ In – N – Out Burger ဆိုင်ခွဲ (၂)ဆိုင်ဖွင့်လှစ်ခဲ့ပြီး ၀ယ်ယူသူအားပေးသူတွေ များပြားလွန်းလို့ မြို့ခံရဲတွေက ထိန်းသိမ်းခဲ့ရကြောင်း FoxNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
In – N – Out Burger ရဲ့ ဒုဥက္ကဌဖြစ်တဲ့ Denny Warnick ကတော့ “ ကျွန်တော့်ဘ၀မှာ ကျွန်တော်တို့ရဲ့ ဘာဂါကို ဒီလောက်ထိ အားပေးတာ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ Colorado ပြည်နယ်မှာ လာဖွင့်ဖို့အတွက် ကျွန်တော်တို့ ချီတုံချတုံ ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီမနက် ဆိုင်ရှေ့မှာ လူတွေအများကြီးကို မြင်လိုက်ရ တဲ့အချိန်မှာတော့ အရမ်း ပျော်ရွှင်မိပါတယ် ” လို့ Fox News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Burger ဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူအုပ်နဲ့ ကားတန်းကြီးဟာ (၁)မိုင်ခွဲ (၂)မိုင်လောက်အထိ ရှည်လျားပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။ Denny Warnick ကတော့ Colorado ပြည်နယ်မှာ နောက်ထပ်ဆိုင်ခွဲ (၇)ဆိုင်အထိ ထပ်မံဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားကြောင်း ၊ Aurora မြို့က ဆိုင်(၂)ဆိုင်စလုံးမှာ စဖွင့်ဖွင့်ချင်း (၂)ရက်အတွင်း ဘာဂါအလုံး(၆)သောင်းကျော် ရောင်းချခဲ့ရလို့ အထူးအားရကျေနပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
Finn