ပိုလျှံတဲ့ စားသောက်ကုန်ပစ္စည်းတွေကို စတိုးဆိုင်ဆီပြန်ပေးနေရတဲ့ ဈေးဝယ်သူများ

nextshark

ကမ္ဘာနဲ့အ၀ှမ်းခြိမ်းခြောက်လျက်ရှိတဲ့ ကျန်းမာရေးပြဿနာကြီးကြောင့် လူတွေဟာ အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေကို သူ့ထက်ငါအလုအယက်ဝယ်ယူပြီး စုဆောင်းနေကြပါတယ်။ အများစုက အခုလို အရေးအကြောင်းဖြစ်နေတဲ့အချိန်မှာ ကိုယ်ကောင်းဖို့ တစ်ဖို့တည်းကြည့်ပြီး ရှိသမျှပစ္စည်းအကုန်စုဆောင်းကြမှာပါ။ ဒါကိုကိုင်တွယ်ဖို့အတွက် အချို့နေရာမှာတော့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လူတွေကို ထိန်းရမှာ ဖြစ်ပါတယ်။

facebook/Todd Lappin

အခုဖော်ပြပေးမှာက nextshark သတင်းကနေ တဆင့် တွေ့ရတဲ့ သတင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ သတင်းကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဟေးဝေါ့ဒ်မြို့က ကော့စ်စကိုစီးပွားရေးစင်တာတစ်ခုမှာ လူတွေက သူတို့ဝယ်ယူထားပြီးတဲ့ ဆန်အိတ်တွေကို ဆိုင်မှာ ပြန်လာပေးနေတဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။ ယူဆရတာက ဈေးဝယ်သူတွေဟာ သူတို့ရဲ့ ဈေးဝယ်အကောင့်ကနေ ဆိုင်ကသတ်မှတ်ထားတဲ့ပမာဏထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်း သူတို့အကောင့် ရပ်ဆိုင်းခံရမှာစိုးတဲ့အတွက် ပိုလျှံနေတဲ့ပစ္စည်းတွေကို ဆိုင်ဆီပြန်လာအပ်ကြတာ ဖြစ်ပါတယ်။

ကော့စကိုဆိုင်မှမန်နေဂျာ ရန်ဒဲလ်ကတော့ လက်ရှိမှာ လူတစ်ယောက်ကို ဆန်အိတ်နှစ်အိတ်နှုန်းပဲ ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေ၊ ဆန်နဲ့ အိမ်သာသုံးစက္ကူ၊ ပိုးသတ်ဆေးပါတဲ့တစ်ရှူးစက္ကူစတာတွေကိုလည်း လူတစ်ယောက်ကို ဘယ်လောက်ဝယ်နိုင်တယ်ဆိုပြီး အကန့်အသတ်နဲ့ ရောင်းချတယ်လို့လည်း သိရပါတယ်။

READ
(၉၆)နှစ်ဆိုပေမယ့် အယ်လ်ဇိုင်းမားဖြစ်နေတဲ့ ဇနီးသည်ကို ကြင်နာချစ်ခင်နေဆဲ အဖိုးအို

ကော့စကိုဟာ ၄င်းတို့ဆိုင်က ဈေးဝယ်သူတွေရဲ့ ပစ္စည်းဝယ်ယူမှုနှုန်းနဲ့ ဆိုင်ကိုပစ္စည်းပြန်လာပေးတဲ့ စာရင်းတွေပါ အကုန်မှတ်ထားကြောင်း ဆိုပါတယ်။ တကယ်လို့ ဆိုင်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ရင်တော့ ကော့စကိုအနေနဲ့ ဈေးဝယ်သူတွေရဲ့အကောင့်တွေကို အသုံးပြုခွင့်ရပ်ဆိုင်းထားမယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE