ကိုယ်လုံးကို လိုသလို အနေအထားပြောင်းလဲနိုင်တဲ့ ဇီးကွက်လေးတွေရဲ့သဘာဝ

twitter/twitter/darkness_00921

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @darkness_00921 ဟာ တိရစ္ဆာန်ချစ်သူတစ်ဦး ဖြစ်ပါတယ်။ Shu လို့ အမည်ရတဲ့ ၄င်းအမျိုးသားဟာ သူ့အိမ်မှာတော့ သာမန်လူတွေမွေးနေကျမဟုတ်တဲ့ တိရစ္ဆာန်လေးတွေကို မွေးထားပါတယ်။ သူ့အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ဓာတ်ပုံတွေကို Shu ဟာ အွန်လိုင်းပေါ်မှာလည်း တင်လေ့ရှိပါတယ်။ သူကတော့ မြွေတွေ၊ လိပ်တစ်ကောင်နဲ့ မျက်နှာအဖြူရောင်ရှိတဲ့ ဇီးကွက်လေးတစ်ကောင်ကို မွေးထားပါတယ်။

ဇီးကွက်လေးနာမည်ကတော့ Ru ပါ။ Ru က သူ့ရဲ့ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကြောင့် အွန်လိုင်းမှာ ဆယ်လီဖြစ်လာတာ သိပ်မကြာသေးပါဘူး။ အောက်မှာတွေ့ရမှာကတော့ Ru ရဲ့ဓာတ်ပုံလေးတွေပါ။ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး Ru ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ အမူအရာနဲ့ ခန္ဓာကိုယ်ပြောင်းလဲသွားပုံကို Shu က ရိုက်ကူးထားတာပါ။

ဒါကတော့ Shu မီးဖွင့်ဖွင့်ချင်းဖြစ်သွားတဲ့ Ru ရဲ့ပုံလေးပါ။ Ru ဟာ သူ့ကိုယ်သူ ရှည်မျောမျောဖြစ်အောင် ကျုံ့ထားခဲ့တာပါ။ မျက်လုံးတွေကိုလည်းစွေစောင်းထားပြီး နားရွက်နဲ့သဏ္ဍာန်တူတဲ့ အမွှေးတွေကို ဦးချိုပုံစံ ထောင်မတ်ထားခဲ့တာပါ။ ကြည့်ရတာတော့ သစ်ကိုင်းခြောက်နဲ့ပုံစံတူအောင် ကိုယ်ယောင်ဖျောက်ထားတယ်လို့ ယူဆရပါတယ်။

READ
ကြွက်ဖမ်းအရာရှိ အဖြစ်ကနေ အနားယူတော့မယ့် ကြောင်လေး Lord Palmerston
twitter/darkness_00921

ဇီးကွက်ကလေး Ru ရဲ့ အခုလိုပုံစံကတော့ သားကောင်ကြီးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ရာမှ အသုံးပြုတဲ့ ကိုယ်နေဟန်ထားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လုံးကစ်ကစ်ပုံလေးကနေ ချက်ချင်းကို ကြောက်စရာကောင်းပြီး ရန်သူကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေတဲ့ပုံစံဖြစ်သွားတာပါ။ ဒါပေမဲ့ မီးဖွင့်တဲ့သူ ဘယ်သူလဲဆိုတာ တွေ့သွားတဲ့အခါမှာတော့ Ru က မှုန်ကုတ်ပြီး ရှည်မျောနေတဲ့ သူ့ပုံစံကြီးကို ချက်ချင်းပြန်ပြောင်းလိုက်ပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ သဘာဝက တကယ်ပဲ အံ့သြစရာပါ။

twitter/darkness_00921

ဒါကတော့ သခင်ကိုလည်းမြင်ရော ပြန်အချိုးပြောင်းသွားတဲ့ ဇီးကွက်လေး Ru ပဲဖြစ်ပါတယ်။ မျက်နှာလေးက လုံးလုံးလေးနဲ့ ချစ်စရာလေးပြန်ဖြစ်သွားပါပြီ။ မျက်လုံးလေးတွေကလည်း ဝိုင်းစက်စက်နဲ့ ဦးချိုမွှေးတွေလည်း ပြန်ကုပ်သွားပါပြီ။ အပြောင်းအလဲမြန်လှတဲ့ Ru ရဲ့ ဓာတ်ပုံလေးတွေကိုတော့ အွန်လိုင်းပေါ်မှာရှိတဲ့ပရိသတ်တွေက သဘောကျလျက်ရှိနေကြောင်း soranews24 သတင်းအရ သိရပါတယ်။

READ
ထိုင်ဝမ်မြို့က ထူးထူးခြားခြား ပြန်လည်ပြင်ဆင်ခဲ့တဲ့ မြေပျံရထားကြမ်းခင်းများ
twitter/darkness_00921

ShweMom

SHARE