သခင့်ဖိနပ်ထဲမှာ အိပ်နေတဲ့ ချစ်စရာကြောင်ကလေးများ

အသက်ရှည်ချင်ရင် အိမ်မွေးတိရစ္ဆာန်တစ်မျိုးမျိုးကို မွေးသင့်တယ်လို့သုတေသီတွေကအကြံပြုထားကြတယ်။ ဘာဖြစ်လို့ အဲဒီလိုအကြံပြုလဲဆိုတာ အခုShwemomကဖော်ပြပေးမယ့် ဓာတ်ပုံလေးတွေကိုကြည့်ရင်သိနိုင်ပါတယ်။ဒီပုံလေးတွေမှာ ချစ်စရာ ကြောင်လေးတွေက သူတို့သခင်ရဲ့ဖိနပ်တွေထဲမှာ ပေါက်ပေါက်ရှာရှာဝင်အိပ်နေတဲ့ပုံလေးတွေပါ။ဒီလို သူတို့ အချစ်တော်လေးတွေအိပ်နေတဲ့ပုံလေးတွေကို သူတို့သခင်တွေကအမြတ်တနိုးနဲ့ လျှပ်တပြတ်ဓာတ်ပုံရိုက်ယူထားခြင်းဖြစ် ပါတယ်။

သူ့ကြည့်ရတာ နွေးနေမှာပဲ

 

သူ့ဖိနပ်ကိုအလုမခံနိုင်ဘူးဆိုတဲ့မျက်နှာထားတင်းတင်းနဲ့ ပူစီ

 

နေစရာရှားလို့ ပူစီရယ်

 

အဟင့် သခင်ကအပြင်ခေါ်သွားမယ်ဆိုလို့ ဖိနပ်တောင်စီးထားပြီးပြီ   အခုတော့မလိုက်ရဘူးတဲ့

 

ဟဲဟဲ ဇိမ်ပဲ

 

သခင်နဲ့ အပြင်လိုက်ဖို့ ဖိနပ်အဆင်သင့်စီးပြီးပါကြောင်း

 

သခင် အပြင်မသွားအောင် သူ့ဖိနပ်ကိုအပိုင်စီးထားတာ

ref:thesun.com

SHARE