လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦး မြစ်ထဲသို့ပြုတ်ကျသေဆုံး

အသက်၂နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တစ်ယောက်ဟာ မြစ်ထဲကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့  မီတာအနည်းငယ်မျှသာ ကွာဝေးတဲ့ နေရာမှာ ဘဲတွေကို အစာကျွေးနေတုန်း ရေထဲပြုတ်ကျသေဆုံးခဲ့တယ်လို့ The Sun သတင်းစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူ ကလေးမလေးနာမည်က Ruby Tyers ဖြစ်ပါတယ်။ သူမဟာ အမေဖြစ်သူ Wendy Grey နဲ့အတူ Peter Borough City Centre အနီးမှာရှိတဲ့ ရေကာတာဆီကို သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် Key Feste အနုပညာပွဲတော်ကို ကူညီပေးဖို့ အတွက် ထိုရေကာတာဆီကို သွားခဲ့တာဖြစ်ပါတယ်။

လူပြောသူပြောအရတော့ Ruby Tyers က သူမအမေနဲ့အတူ ဘဲတွေကို အစာကျွေးနေတုန်း မြစ်ထဲကို ပြုတ်ကျသေဆုံးသွားခဲ့တာပါ။

Ruby ရဲ့ အကိုဖြစ်သူ Harrison Hepton အသက် ၁၉နှစ်က ညီမဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ စိတ်ထိခိုက်ဖို့ ကောင်းတဲ့ နေရာလေးကို လွမ်းသူ့ပန်းစီးချဖို့ လာခဲ့ပါတယ်။ သူက သူတို့ရဲ့အမေဟာ ပွဲတော်မှာ ဘယ်လို အလုပ်များကြောင်း ပြောခဲ့ပါတယ်။ ” အမေ့ကို မြစ်ထဲမှာ မိန်းကလေးတစ်ယောက်လို့ တစ်စုံတစ်ဦးက ပြောလိုက်တယ်။ အမေက စူးစူးရှရှအော်လိုက်ပါတယ်။ ကျွန်တော်လည်း အနီးမှာရှိမနေခဲ့ပါဘူး။”

READ
ဂျပန်သင်္ချာပညာရှင် Kokichi Sugihara အမြင်အာရုံလှည့်ဖျားစေမဲ့ တီထွင်မှုများ
မျက်မြင်သက်သေဖြစ်သူ Andrew Marseden က Ruby ဘယ်လို ရေထဲကို မျက်နှာအပ်ပြီး ကျသွားခဲ့တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။

Ruby ကို သူ့အကိုက သာမန် ၂နှစ်အရွယ်၊ လှုပ်ရှားတက်ကြွပြီးတော့ စူးစူးစမ်းစမ်းလဲ ရှိတဲ့ မိန်းကလေးလို့ ပြန်လည်ပြောပြသွားပါတယ်။ မျက်မြင်သက်သေအနေနဲ့ ဒေသခံတစ်ဦးရှိပါတယ်။ နာမည်က Andrew Marseden ပြီး အသက် ၃၆နှစ်အရွယ်ရှိသူပါ။ ကြမ်းခင်းကော်ဇောခင်းတဲ့ အလုပ်လုပ်ကိုင်ပါတယ်။

သေဆုံးသွားတဲ့ နေရာမှာ ထားရစ်ခဲ့ကြတဲ့ ၀မ်းနည်းကြောင်းအမှတ်တရ ပစ္စည်းများနဲ့ ပန်းစည်းလေးများ

Andrew ပြောသွားတာက ” လူပေါင်း၅၀၀လောက်က မြစ်ဘေးလမ်းလျောက်တဲ့ စင်္ကြန်မှာ ပြွတ်သိပ်နေပါတယ်။ အနီးမှာလဲ ရွက်ဖျင်တဲတွေ ရှိပါတယ်။ ဒါပေမယ့် ကလေးမလေး ရေထဲကျသွားတာကို အရင်ဆုံးဘယ်သူမှမမြင်ကြဘူး။ ကလေးအမေက ကလေးရေထဲကျသွားတဲ့နေရာ မြစ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ရွက်ဖျင်တဲတွေအနားမှာ မသန်စွမ်းတဲ့ ကလေးတွေကိုကူညီလုပ်ကိုင်ပေးနေပါတယ်။ ကလေးမလေးနဲ့ ပေ၃၀လောက်ပဲဝေးပါတယ်။ ဒါက မိသားစုရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်တော့ ကလေးတွေဆိုလည်း  လျှောက်သွားနေတာပဲလေ။”

READ
ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ သေချင်ယောင်ဆောင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား

Andrew က ဒေသကောင်စီက မြစ်ကြောင်းစင်္ကြန်တစ်လျှောက်မှာ အရံအတားတွေ မတပ်ဆင်ထားကြောင်း သူစိုးရိမ်နေတဲ့သဘောထားကိုလည်း ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်က Peterborough city centre နားက မြစ်ကမ်းနားဘေးမှာ တနင်္ဂနွေနေ့ နေ့လည်လောက်က  ဖြစ်ပွားခဲ့တာပါ။
ပုံမှာ တွေ့ရတာက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဓာတ်ပုံရိုက်ထားတာပါ။
အရေးပေါ်ရဟတ်ယာဉ် ကယ်ဆယ်ရေးတစ်စီးက ရေကာတာနဲ့နီးတဲ့ Key Feste ပွဲတော်နားမှာ ဆင်းသက်နေတာပါ။ ကလေးမလေးကို ဆေးရုံအမြန်ပို့ခဲ့ပါတယ်။
ရဲအရာရှိတစ်ဦးကနေပြီး  Peterboroughက မြစ်နားမှာ သက်သေခံအထောက်အထားအိတ်တစ်လုံးကို ယူဆောင်လာတာပါ။

အစတုန်းကတော့ Ruby ရဲ့ အခြေအနေက အသည်းအသန်ဖြစ်နေပေမယ့် တည်ငြိမ်နေနေပါသေးတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းဖြစ်စရာကောင်းလောက်အောင်ကိုပဲ အဆိုးဘက်ကိုပြောင်းသွားပါတယ်။ ကလေးမလေးက Peterborough မြို့ဆေးရုံမှာပဲ မနက်ပိုင်းအချိန်လောက်က သေဆုံးခဲ့ပါတယ်။

ရဲအရာရှိတွေ ပြောတာကတော့ သံသယဖြစ်ဖွယ် အခြေအနေမတွေ့ရတာကြောင့် ၀မ်းနည်းကြေကွဲစရာကောင်းတဲ့  ဖြစ်ရပ်ဆိုးလို့ပဲသတ်မှတ်ထားပါတယ်။

ဒီအဖြစ်ဆိုးဖြစ်ပွားတဲ့ အချိန်မှာ Key Feste အနုပညာပွဲတော်ကို ကျင်းပနေခိုက်ဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတောအတွင်း ပွဲစဉ်တွေကို ရပ်နားထားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဆိုးဖြစ်ပွားနေခိုက် Key Feste ပွဲတော်မှာ တွေ့မြင်ရတဲ့ ရဲအရာရှိတွေပါ။

 

Cambridgeshire ရဲတပ်ဖွဲ့က အရာရှိတွေကို အခင်းဖြစ်ပွားတဲ့ နေရာကို ညနေ ၃နာရီ ၁၅လောက်က ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။
SHARE