အင်္ဂလန်အသင်းအတွက်လေ့ကျင့်နေစဉ် စမောလင်းရဲ့ ဖျက်ထုတ်မှုကြောင့်ဒဏ်ရာရခဲ့တဲ့ ဖီးလ်ဂျုံး

အခုလို အင်္ဂလန်အသင်းလေ့ကျင့်ရေးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှု ကြောင့် ဖီးလ်ဂျုံးဟာ ကြာသာပတေးနေ့ မနက်ပိုင်းမှာ ချစ်ကြည်ရေးကစားကြမဲ့ ဂျာမနီ အသင်းနဲ့ ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဗဟို နောက်ခံကစားသမားဟာ ဆေးကုသမှု ခံယူရမှာ ဖြစ်ပြီး ဒီလို ဖီးလ်ဂျုံး ဒဏ်ရာရသွားခဲ့တဲ့အတွက် ဧပြီလ တစ်လလုံးမှာ ကစားရမဲ့ ပွဲစဉ်တွေနဲ့ ပြည့်နေခဲ့တဲ့ မန်ယူနည်းပြ မော်ရင်ဟိုအတွက်လည်း စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဒီသတင်းဟာ အင်္ဂလန်အသင်းရဲ့ နည်းပြအဖြစ်တရားဝင် တာဝန်ယူခဲ့ပြီးယူခဲ့ပြီး ပထမ ဆုံး ပွဲစဉ်ကို ကိုင်တွယ်မဲ့ နည်းပြ ဆောက်ဂိတ်အတွက်တော့ ပိုပြီးစိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

” ရိုးရိုး တန်းတန်း ဘောလုံးဖျက်ထုတ်လိုက်ရကနေ ဖြစ်သွားတာပါ။ဖီးလ်ဂျုံးဟာ အခုနောက်ပိုင်း ကစားပုံကောင်းမွန်နေတဲ့အတွက် သူမပါဝင်တော့တာ စိတ်မကောင်းစရာပါပဲ ” လို့ဆောက်ဂိတ်က ဆိုပါတယ်။

READ
(၅-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖီးလ်ဂျုံးဟာ မန်ယူအသင်းဖော်ရွန်းနီ လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာရှိပြီး ၁၀ ရက်အကြာမှာပဲ ထပ်မံဒဏ်ရာရခဲ့တာ လည်း ဖြစ်ပါတယ်။အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မန်ယူအသင်းတိုက်စစ်မှူး ရက်စ်ဖို့ကို ဂျာမနီနဲ့ ပွဲမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ဆိုခဲ့ပြီး အနာဂါတ် အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်လာနိုင်တယ် လို့ဆိုခဲ့ပါတယ်။

” ပြီးခဲ့တဲ့အပါတ် ချဲလ်ဆီး နဲ့ပွဲစဉ်မှာ ရက်စ်ဖို့ ကစားပုံက ကောင်းခဲ့ပါတယ်။သူဟာ အမြဲပဲ ခံစစ်မှူးတွေကို ကျော်သွားနိုင်ပြီး သင်ယူလိုစိတ်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ကလပ်အသင်းကောင်း တစ်သင်းမှာလည်း ပါဝင်ကစားခွင့်ရနေပြီး ထူးချွန်တဲ့ ကစားသမားတွေနဲ့ တွဲကစားခွင့်ရရှိထားပါတယ်။ဂျာမနီနဲ့ ပွဲစဉ်မှာ သူတစ်ခုခု သင်ယူသွားနိုင်လိမ့်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ် ” လို့ နည်းပြ ဆောက်ဂိတ် ကဆိုခဲ့ပါတယ်။

Shwemom

Ref : The Sun

SHARE