ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ သေချင်ယောင်ဆောင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား

Mirror

Jeffery Delrio အမည်ရှိ ဖိလစ်ပိုင်အမျိုးသားဟာ ချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့အတွက် ရူးရူးမိုက်မိုက်ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။

လမ်းမထက်ပေါ်မှာ ဆိုင်ကယ်မှောက်ချင်ယောင်ဆောင်ကာ လမ်းမထက်မှာမှောက်လျက်ကြီးနေနေပါတယ်။ ပြီးတော့ သူ့ရဲ့ချစ်သူ Shiela Parayanon ကိုကျတော့ ဆိုင်ကယ်နောက်တစ်စင်းနဲ့ ခေါ်လာကာ မသိရင် Jeffery က ဆိုင်ကယ်မှောက်ပြီး သေသွားသယောင် ထင်အောင် လုပ်တာပါ။

Mirror

Shiela ဟာ ချစ်သူရဲ့မလှုပ်မယှက်ငြိမ်နေပုံထောက်ရင် သေသွားရှာပြီအထင်နဲ့ စတင်ငိုကြွေးပါတော့တယ်။

Jeffery ဟာ ယာဉ်ထိန်းရဲတွေနဲ့ရော ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ရော ပင်းကာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ ကြံစည်ထားတာဆိုတော့ Jeffery လဲလျောင်းနေတဲ့ လမ်းမပေါ်မှာ ရဲကားလည်းရှိနေသလို လမ်းတွေလည်း ရှင်းပေးနေတာမို့ ချစ်သူ Shiela ကလည်း ယုံပြီးငိုကြွေးနေတာပါ။

Mirror

ငိုပြီးခဏအကြာတော့ လဲလျောင်းနေသူဟာ ပြန်ထလာပါတယ်။ ထလာတော့လည်း မူရာမာယာတွေများကာ ရဲတွေကတောင်ကူထူပေးနေပါသေးတယ်။ ပြီးမှလက်စွတ်ကြီးထုတ်ပေးကာ လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။

READ
ဈေးဝယ်စင်တာရဲ့ ဒုတိယထပ်ကနေ ကြိုးဝိုင်းထဲခုန်ဆင်းခဲ့တဲ့ နပမ်းသမားရဲ့အကွက်ဆန်း
Mirror

ငိုရမလို ရယ်ရမလိုနဲ့ အံဩသွားတဲ့ Shiela ကတော့ ချစ်သူရဲ့လက်မောင်းကို ထုရိုက်ပြီးနောက်မှာတော့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။

Mirror

ကားလမ်းလည်းပြန်ဖွင့်ပေးလိုက်ပြီး ဘေးကဖြတ်သွားတဲ့ တုတ်တုတ်တွေပေါ်ကလူများကလည်း လက်ခုတ်သြဘာပေးသွားကြတာကို မြင်မှာပါနော်။

Mirror

ကြည်နူးဖွယ်ဗီဒီယိုလေးကို အောက်မှာကြည့်လိုက်ရအောင်နော်။

Source: Mirror

Penny

SHARE