ရေခဲချပ်ထဲက ပန်းတွေရဲ့သဘာဝအလှကို ထူးခြားစွာ မှတ်တမ်းတင်နေတဲ့ အမျိုးသား

instagram/bruceboydphotos

ဘရုစ်ဘွိုင်းအမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ အသက်(၃၀) အရွယ်မှာပဲ အိုင်တီလောကကို စွန့်ခွာခဲ့ပါတယ်။ အမြဲတမ်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တဲ့ ဘရုစ်ဟာ စွန့်စားလိုစိတ်နဲ့ ဓာတ်ပုံလောကထဲ ၀င်ရောက်ခဲ့တာပါ။ ဘရုစ်က ဓာတ်ပုံပညာနဲ့ စိမ်းသလားဆိုတော့လည်း မစိမ်းပါဘူး။ သူက အသက်ငယ်ငယ်လေးကတည်းက ဓာတ်ပုံရိုက်ဖို့ ၀ါသနာပါခဲ့ပြီး သူ့ဖခင်ရဲ့ အမှောင်ခန်းထဲမှာ အဖြူအမဲပုံရိပ်တွေကို ကိုယ်တိုင် ဖန်တီးပြုလုပ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အခုတော့ ဘရုစ်က “Zero Degrees” လို့အမည်ပေးထားတဲ့ ဓာတ်ပုံစုစည်းမှုကြီးတစ်ခုကို ပြုလုပ်ထားပါတယ်။ ဒီထဲမှာတော့ ဘရုစ်ဟာ ပန်းတွေကို ထူးထူးခြားခြားပုံစံနဲ့ ရိုက်ကူးထားပါတယ်။ ဘရုစ်ရဲ့ ချစ်သူကောင်မလေး သာရီးယန်းစမစ်ကလည်း အနုပညာရှင်တစ်ဦးပဲ ဖြစ်တာကြောင့် ဘရုစ်ရဲ့ ပရောဂျက်မှာ သူမပါ ပါဝင်ကူညီခဲ့ပါတယ်။

instagram/bruceboydphotos

ပရောဂျက်ဟာ ပန်းအမျိုးအစားအမျိုးမျိုးကို ရေအခဲခံပြီးမှ အံ့သြစရာကောင်းလောက်အောင် ထွက်လာတဲ့ ရလဒ်ပါ။ ဘရုစ်ရဲ့ ဓာတ်ပုံတွေကို စစချင်းမြင်လိုက်ရင်တော့ ပန်းချီကားချပ်တွေလို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် တွေ့ရတဲ့ ပန်းပွင့်တွေ၊ သစ်ခက်တွေဟာ ပန်းချီတွေမဟုတ်ပဲ တကယ့်ကို ပန်းအစစ်တွေပဲ ဖြစ်ပါတယ်။ ဘရုစ်ဟာ ပန်းတွေကို ရေအခဲခံပြီး ဓာတ်ပုံရိုက်ကူးရတဲ့ အိုင်ဒီယာကို ဂျပန်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မာကိုတိုအဇူမာဆီက ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘရုစ်က ကျွန်တော့်ကောင်မလေးက အကူအညီအများကြီးပေးပါတယ်။ ကျွန်တော်တို့ ပန်းတွေကို အခဲခံတဲ့အခါ ပန်းတွေရဲ့ တုံ့ပြန်ပုံက တစ်မျိုးနဲ့ တစ်မျိုးမတူဘူး။ ခဲသွားတဲ့အခါ ပေါ်လာတဲ့ ရေခဲပူစီဖောင်းတွေကလည်း နေရာအနှံ့ သူတို့ပေါ်ချင်သလို ပေါ်လာတာတွေဖြစ်လို့ ဓာတ်ပုံတွေဟာ ထူးခြားသွားရတာပါ…” လို့ ပြောပြပါတယ်။

instagram/bruceboydphotos

ဘရုစ်တို့ဟာ ပန်းတွေကို ရေခဲကာ စမ်းသပ်ပြီးနောက်မှာတော့ အခဲခံထားတဲ့ ပန်းရေခဲတုံးအချို့ကို ရေကူးကန်ထဲ ပစ်ချခဲ့ပါတယ်။ ဒီအခါမှာတော့ ထင်မှတ်မထားလောက်အောင် လှပလွန်းတဲ့ ပန်းတွေရဲ့သွင်ပြင်ကို တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့ လုပ်ငန်းစဉ်ကတော့ ဒီလိုပါ။ ဘရုစ်တို့ဟာ ပန်းတွေကို ပလတ်တစ်ဘူးထဲထည့်ပြီး ညသိပ်ခံခဲထားလိုက်ပါတယ်။ မနက်ကျတော့မှ အဲ့ဒီအခဲခံထားတဲ့ ရေခဲတုံးကိုယူပြီး အနီးနားက ရေကူးကန်၊ စမ်းချောင်း၊ ချောင်းကန်စတဲ့ ရေရှိတဲ့ တစ်နေရာရာဆီသွားပြီး အပေါ်က ပစ်ချလိုက်ပါတယ်။ ဒီအခါ ရေထဲရောက်သွားတဲ့ ရေခဲတုံးမှာ အက်ကွဲကြောင်းလေးတွေဟာ ပေါ်လာပြီး ပူစီဖောင်းလေးတွေလည်း ပလုံစီတက်လာပါတယ်။ ဒီလိုအနေအထားကိုတော့ ဘရုစ်တို့ဟာ အမိအရဓာတ်ပုံရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။

အောက်ဘက်မှာတော့ မခန့်မှန်းနိုင်အောင် သိမ်မွေ့လွန်းတဲ့ သဘာဝတရားရဲ့လှပမှူတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဘရုစ်ရဲ့ Zero Degrees ကို insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

instagram/bruceboydphotos
instagram/bruceboydphotos
instagram/bruceboydphotos
instagram/bruceboydphotos
instagram/bruceboydphotos
instagram/bruceboydphotos

လင်းလင်း (ShweMom)

SHARE