လိပ်ပြာ လေးက တော့ မြင်သူတိုင်းက ချစ်တဲ့ အ ကောင်လေးတွေပါ။တစ်ချို့က လိပ်ပြာ လေးတွေ နဲ့ ဓါတ် မတည့်လို့ ထိ မိရင် ယားယံ တတ်တဲ့ လူမျိုးတွေ တော့ ရှိပါတယ်။ဒါပေမယ့် မြင်သူတိုင်းကို ဖမ်းစားနိုင်လို့ လူ တိုင်းက ချစ်တဲ့ အ ကောင် လေးတွေပါ။ရှားပါးတဲ့ အပြာရောင် လိပ်ပြာ လေးတွေ စုဝေးနေတဲ့ ပုံတစ်ပုံကို တော့ နာမည်ကြီး ဓါတ်ပုံ ဆရာ တစ်ယောက်က အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ mymodernmet မှာ ဖော်ပြထားတာပါ။
View this post on Instagram
Tree of butterflies Tag someone who has to see this! Photo by @kelvinhudson #nature
ဓါတ်ပုံဆရာ နာမည် က တော့ Kelvin Hudson ပါ။သူက တော့ မှော်ဆန်ပြီး ထူးဆန်းတဲ့ လိပ်ပြာ လေးတွေ စု ဝေး နေတဲ့ ပုံကို ဖမ်းယူနိုင်ခဲ့တာပါ။တောအုပ် တစ်ခုထဲကို သွားလာ နေစဉ် မ မျှော်လင့်ပဲ သစ်ပင် မှာ စု ဝေး နေတဲ့ လိပ်ပြာ အုပ်စုကို တွေ့ ခဲ့တာပါ။သစ်ပင် ပင်စည် တစ်ခုမှာ စုပြုံ နား နေ ကြတာပါ။သူ့ရဲ့ အဲ့ဒီ ပုံ ကြောင့် ရက်ပိုင်း အတွင်းမှာပဲ Follower ငါးရာ လောက် တိုးလာခဲ့ပါတယ်။အဲ့ဒီဓါတ်ပုံကို like လုပ်သူ (၃)သိန်း ရှိခဲ့ပါတယ်။

Kelvin Hudson က တော့ သဘာဝ အလှ တရားတွေကို မှတ်တမ်း ရိုက်ကူး ရတာကို နှစ်သက်တဲ့ ဓါတ်ပုံ ဆရာ တစ်ယောက်ပါ။သူများနဲ့ မတူတဲ့ ရှု ထောင့် က နေ ရိုက်ကူး ထားတာကိုလည်း သူ့ရဲ့ Instagram ကို လေ့လာ ကြည့်ရင် သိနိုင်ပါတယ်။Black & White နဲ့ လူပုံတွေကို ရိုက်ထားတဲ့ ပုံမျိုးတွေ ကိုလည်း သူ့ အ ကောင့် မှာ တွေ့ နိုင်ပါတယ်။
Hudson က တော့ မြင်ရခဲတဲ့ ရှားပါး ပုံကိုမှ အချိန်ကိုက် ရိုက်ကူး နိုင်ခဲ့တာပါ။ပုံကိုတော့ Nature ဆိုတဲ့ Instag ram မှာ တင်ခဲ့တာပါ။အဲ့ဒီ Instagram မှာ တော့ လှပတဲ့ သဘာဝ တရားရဲ့ အလှ အ ပ တွေ ကို ကြည့်ရှု လို့ ရနိုင်ပါတယ်။
View this post on Instagram
Picnic in a lavender field Tag someone you love! Photo by @nat_vr #nature